Thursday, July 19, 2012

မူစယ်မြို့၌ TV ဂိမ်းလောင်းကစားဝိုင်းများ ပိုတိုးလာ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်(မြောက်ပိုင်း ) မူစယ်မြို့လူစည်ကားရာ နာရီစင်အနီးတွင် ယခုရက်ပိုင်းအတွင်း လောင်းကစားဝိုင်းများ ထပ်မံဖွင့်လှစ်လာ သ ဖြင့် မြို့တွင်း လောင်းကစားဝိုင်းအရေအတွက် ပိုများလာကြောင်း သိရသည်။

မူစယ်မြို့ နာရီစင်အနီးရှိ လမ်း ၄ ခုတွင် လောင်းကစားဝိုင်းကြီး ၂ ခု အပါအဝင် TV ဂိမ်းလောင်းကစားရုံ ၄ ခုခန့် ထပ်တိုး လာရာ မူစယ်မြို့၌ လောင်းကစားရုံ ၄၀ ကျော်ခန့်ရှိလာကြောင်း အကြားအမြင်များသည့် မူစယ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ TV ဂိမ်းလောင်းကစားရုံတွေက မလျော့တဲ့အပြင် ပိုတောင်တိုးလာသေးတယ် ဒီ ၄ ၊ ၅ ရက်အ တွင်းပဲ နာရီစင်နားမှာ ၄ ခု ထပ်တိုးလာတယ် အဲဒီနားမှာကားဂိတ်ရှိတယ် ကုန်ထမ်းသမားတွေ ကားသမားတွေ အကုန်လောင်းကစားရုံထဲပဲ ရောက်ကုန်တာပေါ့ ” ဟု ဆိုသည်။

လွန်ခဲ့သည့် လကုန်ပိုင်းက လောင်းကစားဝိုင်းများ ဖမ်းဆီးမှုပြုလုပ်ခဲ့သဖြင့် ခေတ္တရပ်နားသွားခဲ့သော်လည်း ယခုတစ်မြို့လုံးတွင် လောင်းက စားဝိုင်းများ ပုံမှန်ပြန်လည် ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဂျွန်လကုန်ပိုင်းက မီဒီယာမှာပါလာတော့ ပြန်ပိတ်သွားသေးတယ် ဒီရက်ပိုင်း နာရီစင်နားက ဝိုင်း တွေ ဖွင့်လိုက်တာနဲ့ အဲဒီနားထားတဲ့ ၀ိုင်း တွေ လည်း ပြန်လိုက်ဖွင့်လာတာပေါ့ ” ဟု ဆက်ပြောသည်။

တရုတ် - မြန်မာနယ်စပ် မူစယ်မြို့တွင် လူစည်ကားရာနေရာများ ဖြစ်သည့် နှစ်နိုင်ငံနယ်စပ် အဝင်အထွက် ဆင်ဖြူဂိတ် အ နီးနှင့် မန်ဝိန်း ဂိတ် အနီးတွင် လောင်းကစားရုံများ ဖွင့်လှစ်ထားကြောင်း သိရသည်။

No comments: