Saturday, November 26, 2016

ရခိုင့်သယံဇာတ ခွဲဝေခံစားခွင့်ရရှိရေး ခရီးရှည်ချီတက်သူများ အမ်းမြို့နယ် ကဇုကိုင်းသို့ရောက်ရှိ

နိရဉ္စရာ၊


နိုဝင်ဘာလ ၂၁ ရက်နေ့မှ စပြီး စစ်တွေမှ ကျောက်ဖြူသို့ ခရီးရှည် ချီတက်လာသူများသည် ယနေ့ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် အမ်းမြို့နယ် ကဇုကိုင်းသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင် ပြီး ပြုလုပ်နေသော ခရီးရှည် ခြေကျင်ချီတက်ပွဲမှာ ဆုံးရှုံးနေသော ရခိုင်သဘာဝသယံဇာ ခွဲဝေ သုံးစွဲခွင့်ရရေးနှင့် မြေယာခွဲဝေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် တောင်းဆိုရန် ရည်ရွယ်ချက် ဖြစ်သည်ဟု သိရသည်။

ခရီးရှည်ချီတက်သူများ ချီတက်ရာ စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်တွင်ရှိသော ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြောင်းဘွေ၊ မင်းပြားမြို့များ၌ သာမက ကျေးရွာအများအပြားမှ ရခိုင်ပြည်သူများက ကြိုဆိုနှုတ်ဆက်ကာ အားပေးမှုများ ပြုလုပ်နေကြသည်ဟု သိရသည်။

ချီတက်သူ ၁၀၀ ခန့်သည် စစ်တွေ ၀င်္ကဘာကွင်းတွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီမှ စုဆုံပြီး စစ်တွေ- ရန်ကုန် ကားလမ်းအတိုင်း ကျောက်ဖြူသို့ ချီတက်လာကြရာ ၅ ရက်မြောက်နေ့တွင် အမ်းမြို့နယ် ကဇုကိုင်းသို့ရောက်ရှိလာခြင်း ဖြစ်ပြီး ယနေ့တွင် အမ်းမြို့၌ ညအိပ် ရပ်နားမည်ဟု သိရသည်။

ခရီးရှည်ချီတက်သူများသည် ရခိုင်ပြည်နယ် သဘာဝသယံဇာတနဲ့ မြေယာ ခွဲဝေပိုင်ဆိုင်ခွင့် ရခိုင်လူထု ကိုယ်တိုင် စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိရန် အတွက် ယခုလို ခရီးရှည် ချီတက်ပြီး တောင်းဆိုနေကြခြင်း ဖြစ်သည်။

No comments: