Sunday, November 27, 2016

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိ

ဇေယျာမော်

ယမန်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း၌ အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ သံသယတရားခံဟု ယူဆရသူ ခင်မောင်ရွှေ(ခ)ရာကွတ် ကို သင်္ကန်းကျွန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်အတူ ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တရားခံကို စစ်မေးချက်အရ သက်သေခံပစ္စည်းများကို သင်္ကန်းကျွန်းမြို့နယ် ၊ င/တ ရပ်ကွက်၊ ဇာဝေယာလမ်းရှိ အစ္စလာမ်ဓမ္မာရုံ အုတ်တံတိုင်းအတွင်း စွန့်ပစ်ထားကြောင်း ထွက်ဆိုခဲ့ခြင်းကြောင်း သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်ဆစ်ဟု ယူဆရသည့် အရည် သုံးပုံတစ်ပုံပါရှိသည့် အဖြူရောင်ပလတ်စတစ်ဘူး ၊ ဓာတုဗေဒအမှုန့်ဟု ယူဆရသည့် အဖြူရောင် အမှုန့်(၁၉၅) ဂရမ်ပါ အထုတ် ၁ ထုပ်၊ ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် အရှည် သုံးလက်မ၊ အချင်း လက်မ၀က်ခန့်ရှိသည့် ခရမ်းရောင် အဖုံးပိတ်နှင့် သွေးနမူနာရယူရာတွင် အသုံးပြုသော Tube (၁၄)ချောင်း ၊ M အမှတ်တံဆိပ်ပါ M 150 အမျိုးအစား အနက်ရောင် ပုလင်း ၇ ပုလင်းအား ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်

No comments: