Monday, July 9, 2012

မူစယ်မြို့နယ် အတွင်း အစိုးရတပ် ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

ကော့လီ

ကချင်ပြည် နယ်သို့ ရိက္ခာပို့ သွားရောက်မယ်လို့ ယူဆရတဲ့ အစိုးရတပ် ယာဉ် တန်းကို ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် မူစယ်မြို့နယ်အ တွင်းမှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက အဝေးထိန်း ခလုတ် သုံး ဗုံးနဲ့ ဇူလိုင်လ ၈ ရက်နေ့က တိုက်ခိုက်ခဲ့ တယ် သတင်းရရှိပါတယ်။

ဗန်းမော်ဘက်ကို သွားတဲ့ယာဉ်တန်း။ မူစယ်က အထွက် စယ်လန့်ရွာနား အ ရောက်နေ့လယ် ၁၁ နာရီလောက်က ဗုံးခွဲခံရတာ။ အဲဒီ ယာဉ်တန်းမှာ စစ် ကားနှစ်စီးပဲပါတယ်။ ရှေ့တစ်စီးက ဘာမှ မဖြစ်ဘူး။ နောက်ကတစ်စီးကို ဗုံး ထိသွားတာ။ ဗုံးက နှစ်လုံးတောင်။ သေ တဲ့လူလည်း သေ၊ ဒဏ်ရာ ရတဲ့လူ လည်းရပဲ – လို့ မူစယ်မြို့ခံ တစ်ဦးက ကော့လီကို ပြောပြ ပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရတပ်ဘက်က တပ်ခွဲတပ်ကြပ်ကြီး အောင်ကျော် ဦး၊ တပ်သား ခိုင်ဦး တို့ကျဆုံးခဲ့ပြီး ဒုတိယ အရာခံဗိုလ် လှ ဝင်း၊ တပ်ကြပ်ကြီး ဇာနည်မော်၊ တပ်သား အောင်ကိုလေး၊ ဇော်နိုင်မိုး၊ သန်းအောင်ပြည့်၊ ဇော်မင်း သူ တို့ ဒဏ်ရာရှိရှိသွားကာ မူစယ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အစိုးရတပ်သားများက ဗုံးခွဲတိုက်ခိုက်သူတွေ ရှိမယ်ထင်ရာကို ပြန်လည်ပစ်ခတ် တိုက်ခိုက်လို့ စယ်လန့်ကျေးရွာ စာသင်ကျောင်းကို ကျည်ဆန် များ ထိမှန်သွားတယ်လို့လည်း သိရပါတယ်။

မူစယ် နမ့်ခမ်း ဒေသဟာ ရှမ်းပြည်နယ် လားရှိုးမြို့ကနေ ကချင်ပြည်နယ် ဗန်းမော်မြို့ကို သွားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး ကချင်လွတ် လပ် ရေးတပ်မတော် (KIA) တပ်ဖွဲ့များ မကြာခဏ သွားလာလှုပ်ရှားနေတဲ့ ဒေသ တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၆ ရက်နေ့ နံနက်ကလည်း ကေ အိုင် အေ တပ်ဖွဲ့က မူစယ်ခရိုင်အတွင်းရှိ ရဲစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

No comments: