Saturday, July 21, 2012

ဘင်္ဂလာဒေခ်ျ့ရှိ မြန်မာ ဒုက္ခသည် စခန်းများ အတွက် အမေရိကန်မှ ဒေါ်လာ တစ် သန်းခွဲလှူ

နိရဉ္စရာ

အမေရိကန် အန်ဂျီအို USAID သည် ဘင်္ဂလာဒေခ်ျ့ရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် စခန်းနှစ်ခု အတွက် အမေရိကန် ဒေါ်လာ တစ် သန်းခွဲ လှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အလှူငွေအား WFP ခေါ် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲသို့ လှူဒါန်းလိုက်ခြင်း ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခ သည် ၃၁၀၀၀ အတွက် အသုံးပြုသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများက ရေးသား ဖေါ်ပြသည်။

၎င်းထောက်ပံ့ငွေများကို WFP အနေဖြင့် ဒုက္ခသည်များ အတွက် အစားအစာနှင့် အဟာရ ပြည့်ဝရန် အသုံးပြုသွားမည်ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်သော WFP ကျေညာချက်တွင် ယခု အကူအညီကြောင့် သူတို့၏ ဆောင်ရွက်နေသော လုပ်ငန်းများ ကို ဒုက္ခသည် စခန်းများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို အစားအစာ လုံခြုံမူနှင့် အဟာရ မပြည့်ဝမူကို လျှော့ချသွားနိုင် မည် ဖြစ်ကြောင်း ပြောကြားသည်။

WFP အနေဖြင့် ယခု အကူအညီအား တရားဝင် မှတ်ပုံတင်ထားသော ဒုက္ခသည်များ နေထိုင်ရာ ကူးတို့ပလောင် ဒုက္ခသည် စခန်းနှင့် နာ ယာပါရာ ဒုက္ခသည် စခန်းများတွင် ဆောင်ရွက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

No comments: