Saturday, July 21, 2012

တရားရုံး အဆောက်အဦများ ပြတိုက်မလုပ်ရန် တောင်းဆို

အေး​နိုင်

ရန်ကုန် တိုင်းတရားရုံး တရားလွှတ်တော် ခရိုင်တရားရုံးနဲ့ တရားရုံးချုပ်စတဲ့ တရားရုံးနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေကို မူလအ တိုင်း ထားရှိပြီးတော့ ဆက် အသုံးပြုခွင့်ပေးဖို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ အမတ်တွေအားလုံးကို စာတင်ထားတဲ့ အကြောင်း ရှေ့နေများ ကွန်ရက်က ပြောပါတယ်။

ဒီလို ရှေးဟောင်း အဆောက်အအုံတွေ ရုံးတွေကို ဟိုတယ်တွေ၊ ပြတိုက်တွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး မသင့်တော် တဲ့အတွက် စာတင် တာလို့လည်း ဦးကြည်မြင့် က ပြောပါတယ်။

အနာဂတ်မှာ ရန်ကုန်မြို့တော်ဟာ စီးပွားရေး မြို့တော်ဖြစ်လာရင် ခမ်းနားထည်ဝါတဲ့ ရုံးတွေရှိမှ နိုင်ငံခြားသားတွေနဲ့ အများပြည်သူ အမြင် မှာ တင့်တယ်မှာ ဖြစ် တဲ့အကြောင်း သူက ဆိုပါတယ်။

တရားရုံးတွေ ဂုဏ်သိက္ခာရှိမှ အမှုစစ်ရဆေးရတာတွေလည်း ကောင်းသလို ပြည်သူတွေလည်း သွားရေးလာရေးတွေ လွယ်ကူတဲ့ အ ကြောင်းလည်း သူက ပြောပါတယ်။

လက်ရှိအချိန်မှာ ရုံးတွေကို တခြားနေရာကို ရွှေ့ပြောင်းထားတာနဲ့ ပတ်သက်ပြီးတော့လည်း သူက အခုလို ရှင်းပြပါတယ်။

“အခုဟာက သင်္ဃန်းကျွန်းရဲ့ ချောင်ကြားထဲ ရောက်လို့ရောက်၊ တရားလွှတ်တော်ရုံးကြီးဆိုရင် လှိုင် သာယာဘက် ရောက်မယ်လို့ ကြားနေ တယ်။”

ရန်ကုန်မြို့တော်မှာ ဗြိတိသျှလက်ထက်က ကျန်ရှိနေတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ဟိုတယ် နဲ့ ပြတိုက်တွေလုပ်ဖို့ သတင်းတွေ ထွက် ပေါ်နေပါတယ်။

အခုရက်ပိုင်းမှာလည်း အစိုးရက ရှေ့နေတွေဆီကနေ သိမ်းထားတဲ့ လိုင်စင်တွေကို ပြန်ချပေးနေတယ်လို့ လည်း သူက ဆိုပါတယ်။

No comments: