Tuesday, July 3, 2012

စစ်တွေမြို့မှ စစ်မူထမ်းဟောင်း အစောင့် တစ်ဦးရဲ့အိမ် မီးရှို့ခံရ

နိရဉ္စရာ

ရခိုငိပြည်နယ် မြို့တော် စစ်တွေတွင် ယမန်နေ့က မီးရှို့မူ တစ်ခု ဖြစ်ပွားရာ ရခိုင်ဒေသခံ အိမ်တစ်ဆောင် မီးထဲ ပါသွားကြောင်း သတင်း ရရှိ သည်။

“ မီးရှို့ခံရတာက စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း အနီးက စစ်မူထမ်းဟောင်း ၀င်းထဲက အ စောင့်အိမ် ဖြစ်ပါတယ်။ လာမီးရှို့တာက ဘု မေရပ်ကွက်က ဘင်္ဂလီတွေ ဖြစ်ပါတယ်။ မိုးအဆက်မပြတ် ရွာတဲ့ အတွက် ကျန်တဲ့ အိမ်တွေ ကို မီးကူးစက် လောင်ကျွမ်းတာ မရှိဘူး” ဟုစစ် တွေမြိ့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြော သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများ ရောက်ရှိလာပြီးနောက် မီးရှို့သူများသည် ဘုမေရွာထဲသို့ ၀င်ပြေးသွားကြသည်ဟု ဆို သည်။

“ အဲဒီနေရာက နည်းနည်း ချောင်ကျတော့ အမှောင်ကို အခွင့်ကောင်း ယူပြီး လာမီးရှို့တာ ဖြစ်ပါ တယ်။ မီးရှို့တာက ညဥ့် ၁၁ နာရီကျော်မှာ ဖြစ်ပါတယ်။ အလိုတော်ပြည့် ဆွမ်းစားဆောင်ကိုတော့ မိုးရွာနေတဲ့ အတွက် မီးမကူးခဲ့ပါဘူး။ လုံခြုံရေး မရှိတဲ့ နေရာမှာ ဘင်္ဂလီတွေက ဒီလို လုပ်နေတာ ရှိတဲ့ အတွက် လုံခြုံရေးကိုဘဲ တိုးမြှင့် ချထားဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့၏ အခြေအနေ အေးဆေး တည်ငြိမ် စပြုနေချိန်တွင် ဘင်္ဂလီ မွတ်ဆလင်များက ရန်စမူများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း သူ က ပြောသည်။ သို့သော်လည်း အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ ဖိအားကို ကြောက်သဖြင့် အကြမ်းဖက် ဆူပူလိုသူများကို ထိထိ ရောက် ရောက် အရေးမယူလိုဘဲ ဖြစ်နေကြောင်း သိရသည်။

သို့အတွက် စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်မူ ရရှိရန် အလှမ်းဝေးနေသေးကြောင်း သုံးသပ်သူများက ပြောဆိုသည်။

No comments: