Monday, July 2, 2012

ခွန်ထွန်းဦး ထိုင်းနိုင်ငံသို့ ဆေးကုသခံ သွားရောက်မည်

ကော့လီ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးဟာ ဆေး ကုသခံဖို့ ဇူလိုင်လ ၂ ရက်နေ့မှာ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံ ဘန် ကောက် မြို့သို့ သွားရောက်မယ်လို့ သတင်းရရှိပါတယ်။

အဓိကကတော့ အရိုးကျည်းပေါင်းတက်လို့ ဖြစ်နေတဲ့ ခါးနာ၊ ဒူးနာ ကုဖို့သွား တာပါ။ ထောင်က လွတ်လာခါစကတော့ ရောဂါတွေ အ တော်များတယ်။ ဆီး ကျိတ်နာတာတို့၊ အစာအိမ်နာတာတို့ကတော့ ဒီက ဆရာဝန်တွေ ကုသ ပေးလို့ သက်သာသွားပါပြီ။ ခါးနာ၊ ဒူးနာ ကတော့ ခွဲစိတ် ရမယ် ထင်တယ်။ ဒါကြောင့် အခုလို နိုင်ငံခြားမှာ သွားကုသဖို့ စီစဉ်တာပါ လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် က ကော့လီကို ပြောပြပါတယ်။

ပူတာအိုထောင်မှာ နေရတုန်းက ချော်လဲလို့ ဒူးနာသွားတာပါ။ ပူတာအိုမှာ ရာ သီဥတုက အရမ်းအေး၊ အရမ်းစိုစွတ်တဲ့ အပြင် အစားအ သောက် ကလည်း ဘာမှ မယ်မယ်ရရ မရှိဘူးလေ။ သွားရေးလာရေး ကလည်း ခက်ခဲတော့ ဆေး ဝါးလည်း ရှာဝယ်ရတာ ခက်တယ်။ အ ထူးကု ဆရာဝန်ကြီးတွေလည်း မရှိဘူး။ အိမ်က ရှာဝယ်ပြီး ပို့ပေးတဲ့ ဆေးဝါးတွေနဲ့ပဲ ၆ နှစ်ကျော် ၇ နှစ် ရောဂါတွေကို မွေးထားရ သလို ပါပဲ။ အခုလို အခွင့်သာတဲ့ အချိန်မှာ ရှိတဲ့ ရောဂါတွေကို စစ်ဆေး ကုသထားရတာပေါ့ လို့ စိုင်းလိတ် က ဆက် ပြော ပါတယ်။

ခွန်ထွန်းဦး အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးကို စစ်အစိုးရ လက်ထက်က ပြည်ထောင်စုမှ ခွဲထွက်ရန် ပြုမူဆောင်ရွက်မှုနဲ့ ၂၀၀ ၅ ခုနှစ်က စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇၉ နှစ် ကနေ ၁၀၆ နှစ်အထိ အသီးသီး ချမှတ်ကာ မိသားစုနဲ့ ဝေးရာ အကျဉ်းထောင် တွေဆီကို တစ်ယောက်စီ ခွဲကာ ပို့ဆောင်ချုပ်နှောင်ထားခဲ့ပါတယ်။ ဗိုလ်ချုပ်ဆေထင် ကတော့ ၂၀၁၁ အောက်တိုဘာလမှာ လွတ်မြောက် လာပြီး ၂၀၁၂ ဇန် နဝါရီလ ၁၃ ရက်နေ့မှာ ကျန်ခေါင်းဆောင်များ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ စဝ်သာဦး ကတော့ ထောင်ဒဏ်ချမှတ်ခံရပြီး လပိုင်းအတွင်းမှာပဲ အစောဆုံး ပြန်လည်လွတ် မြောက်ခဲ့တယ်လို့ သိရပါတယ်။

No comments: