Monday, July 9, 2012

တပ်မြေအဖြစ်သို့ ရောက်ရှိ မသွားစေဖို့ လူထုစုပေါင်း ဆုတောင်းပွဲ ပြုလုပ်

ကူးဒူ

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ထဲက အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားတဲ့ခြံမြေကို ပြန်လည်ရရှိနိုင်ဖို့ ဒေသ ခံလူ ထူတွေကမာဖရိုရှေ့ရွာမှာ စုပေါင်းဆုတောင်းပွဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

"လောဂျာ ဒေါလောခူ ခူးရာခူ ဒေါတထော် နဲ မာဖရိုရှေ့ ပေါ့နော် သူတို့ ငါးရွာက ဒီသိမ်းခံထား ရဲ တဲ့မြေတွေကို ပြန်ရဖို့အတွက် ဘုရားရှင် ဆီမှာဆက်ကပ်ဆုတောင်းတဲ့ သဘောပါ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီခြံမြေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရ၍ စိုက်ပျိုးရာသီချိန်ကာလတွင် ပြန်လည်စိုက်ပျိုးနိုင်ဖို့ ကျေးရွာ (၅) ရွာက နေပြီး ဒီ နေ့မနက်မှာ ဝတ်ပြုဆုတောင်းကြတာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်ကျောင်း တည်ဆောက်ထားတဲ့ လောဂျာ ၊ ဒေါလောခူ နဲ့ မာဖရိုရှေ့ ကျေးရွား သုံးရွာရဲ့ အကြားမှာ တည်ရှိတာမို့ ဆက် စပ် ဧရိယာ ဆိုပြီးထပ်မံတိုးချဲ့လာတဲ့ အခြေအနေပေါ်မှာလည်း ဒေခံလူထုတွေက စိုးရိမ်နေကြရပါတယ်။

လျှော်ကြေးထက် တပ်သိမ်းမြေတွေကိုသာ အလိုရှိကြောင်းနဲ့ တပ်မြေအဖြစ်မသတ်မှတ်နိုင်ကြောင်း၊ ဒါတွေကို တဖက်တလမ်းကနေ ကာ ကွယ် နိုင်တဲ့နည်းတွေနဲ့ ယခုလို ပြုလုပ်နေကြရတာပါလို့လည်း ဖရူဆိုမြို့မှ ဒေသခံတဦးက ပြောပါတယ်။

"အခု ဝတ်ပြုဆုတောင်းပွဲကို ဘာသာပေါင်းစုံနဲ့ လုပ်ချင်ပါတယ် ဒါပေမဲ့ အခြေနေအရကြောင့် မဖြစ် လာနိုင်သေးဘူး အခုလို လုပ်ရှားမှု လုပ် တာလည်း ပထမဆုံးအကြိမ်လဲ ဖြစ်တဲ့အတွက်ကြောင့် တခြားအဖွဲ့စည်းတွေနဲ့ မစုစည်းနိုင် သေး တာလဲပါ ပါတယ်။ ဒီနေ့ မနက်မှာက ကက်သလစ် ဘာသာ တခုထဲကိုပဲ ဝတ်ပြူဆုတောင်းနေရတယ်လို့”လို့ ပြောပါတယ်။

ယခင်လတွင်လည်း တပ်သိမ်းမြေယာတွေကို လေ့လာစောင့်ကြည့်တဲ့ မြို့နယ်အဆင့်ကော်မတီက ကွင်းဆင်းတိုင်းတာချက်မှာလည်း ဧ ကရာ ချီကွာဟလျက်ရှိနေပါတယ်။

စစ်တပ်မှ စစ်သုံးမြေပုံအရတွက်ချက်ရာတွင်ဧကပေါင်း (၂၆၆၉) ဧကရှိပြီး ယခု GPS ဖြင့်လက်တွေ့ ကွင်းဆင်းတိုင်းတာ တွက်ချက် ရာ တွင် (၃၂၅၇) ဧကရှိနေတယ်လို့ သိရပါတယ်။

No comments: