Sunday, July 22, 2012

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း

ဗညားရံ

ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေး တင်ပြရန် ရှိသည်။ မြန်မာနိုင်ငံရေး ပြဿနာ တွင် တိုင်းရင်းသားအရေးသည် အရေး ပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျှောက်သာ ရှိသည်။ တိုင်းရင်း သားအရေးကိုမဖြေရှင်းနိုင်သေးသရွေ့ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည် မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်း အေးစေလိုရင်း ရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။

စစ်အစိုးရ အဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်း မရှိ သ ဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်း ရည် လည်းမြင့်မားလာကြသည်ပင်။

ဦးသိန်းစိန် အစိုးရသည် အဆင့် (၃) ဆင့်ဖြင့် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကြေညာသည်။ ပထမအဆင့်မှာ အ ပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ် ရပ် ရေးအ တွက် တနှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံး အပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ် ကကချင်ကိုထိုး စစ်ဆင်တုန်း ဖြစ်သည်။ ထို့ပြင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ် လျက်ရှိသည်။ ပထမအ ဆင့်မှာပင် ဦးသိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်း မနိုင်နင်းမှု များကို တွေ့မြင်ရ သည်။

ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခု မတိုင်မီ ၂၀၁၄ ခု လောက်မှာ အကောင်အထည် ဖော်မည်ဟု မကြာ သေး ခင်က ဦးသိန်းစိန်အစိုးရ ကြေညာသည်။ ကျေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ် နည်းကို ဝေဖန်စရာ ရှိသည်။ ဒုတိယအဆင့် ဖြစ်သည့် ဤနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်သော ညီလာခံတခု ဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက် ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံ ဆိုသည်မှာ အ စိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း (ပြည်ပ) အတိုက်အခံပါတီများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အ စည်း (အန် င်ဂျီအို) များ၊ တိုင်းရင်းသား အဖွဲ့အစည်းများကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသား ညီလာခံနှင့် ခပ်ဆင် ဆင်တူ သည်။

ပင်လုံထက် ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသား ညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆို သော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့် အကြောင်းအရာများကို အဆင်သင့် ပြင်ဆင်ထားပြီလား။ ဤညီ လာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြား အသိပေးခဲ့ပြီလား။ ဤညီ လာခံကို ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံ အသင်းဝင် အရာရှိများ၊ ကုလသမဂ္ဂအရာရှိများတက် ရောက်လေ့ လာခွင့် ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည် ပင်လုံညီလာခံတုန်းက ပေးထား သော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရ အ ဆက် ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစု ဗမာနှင့် အခြားလူမျိုးများ ကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသ ယများကို ပွားစေမည့် ညီလာခံတခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတခုသာ ဖြစ်သင့်သည်။

ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရ အရာရှိများက (၅၀) ရာခိုင်နှုန်း၊ အတိုက်အခံများက (၂၀) ရာခိုင်နှုန်း၊ အသိပညာရှင် အတတ်ပ ညာ ရှင်၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ (၂၀) ရာခိုင်နှုန်း၊ တိုင်းရင်းသားများက (၁၀) ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆို လျှင် ပင်လုံ ထက်ရှုပ်သော ညီလာခံ ဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့် အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည် ရှိနေ သောအ မြင် မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။

ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူ နေလို၍ လက်နက်ကိုင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့် သုံး သော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majo rity Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင် ကာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။

တန်းတူရေး ဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း (၇) တိုင်းကို စုပေါင်း၍ ပြည်နယ်တခုနှင့် ဦးရေ တူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက် နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများ ကိုခြယ် လှယ်ခြင်း လုံးဝ မပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင်ယင်းအသိပညာရှင်၊ အ တတ်ပညာ ရှင်များသည် ပြည်နယ် (၇) ခုနှင့် တိုင်းပေါင်းစုံ (၁) ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက် ပါမည်။

ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေ အဖြစ် ပြုစေလျှင် လျှော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသား ကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ ဦးသိန်းစိန် အစိုးရ၏ ဦးတည်ချက်များအနက် တခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းများအား လုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါ ရည်မှန်းချက်အ ထမြောက်အောင် မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံ ရသည်။

လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေး ရှိမရှိအပေါ်မှာ အခြေခံရမည် ဖြစ်သည်။ လက်ရှိ လွှတ်တော်မှာ ဒီမိုကရေစီ နည်း ကျခြင်း မရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ရှိနေသရွေ့ ဒီမိုကရေစီနည်း ကျမည်မဟုတ်။ ဒီမိုကရေစီနည်း ကျခြင်း မရှိသည့် လွှတ်တော်မှာ တန်းတူရေး ရှိဖို့ မလွယ်ကူပါ။ တခါတရံမှာ ဒီမိုကရေစီရေးနှင့် တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေ သေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝ ဖြစ်နိုင်ခြေ မရှိပါ။ ထိုသို့ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်း စွပ်စေ မည့်အလုပ် လုပ်မည် မဟုတ်ဟု ယူဆရသည်။

ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသည် လွန်စွာ အရေးကြီးသည်။ စကတည်းက တန်းတူရေး မဖြစ်လျှင် ဝင်မ ပါ သည်ကကောင်းသည်။ တန်းတူရေး ဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော်တိုင်းရင်းသားများ တိုက် နေသည့် တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သောဒီမို ကရေစီ အတိုက်အခံ အင်အားစုများသည် တန်းတူရေးအတွက်တိုက်ပွဲဝင်နေသူများမဟုတ်ကြ။ ဒီမိုကရေစီရေး (majo rity rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေ စီရ အောင် လုပ်နိုင်ခြေ ရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန် မဟုတ်ပါ။ တိုင်းရင်း သားများက တ ခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည် မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့ စိတ်တိုင်းကျ ခေါ် နိုင်ဖို့ ဖြစ်သည်။ ယင်းပြည် နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စု အင်္ဂါရပ်နှင့် လျော်ညီပါ မည်။

No comments: