Thursday, July 19, 2012

နမ့်ခမ်းမြို့ အာဇာနည်ကျောက်တိုင် နာမည်ဖျက်ဆီးထားခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ လွတ်လပ်ရေးမော်ကွန်းဝင် အာဇာနည်ခေါင်းဆောင်များအား ဂုဏ်ပြု စိုက်ထားသည့် မြို့လယ် အာ ဇာ နည်ကျောက်တိုင်၏ ‘အာဇာနည်ကျောက်တိုင်’ ဟူသည့် စာသားဖျက် ဆီးခံထားရကြောင်း မြို့ခံများက ပြောပြပါသည်။

“ဘယ်တုန်းက လာဖျက်ထားလဲတော့မသိဘူး။ အရင်တုန်းက ဘိလပ်မြေနဲ့ အာဇာနည် ကျောက် တိုင် ဆိုပြီး ဖေါင်းကြွလေးနဲ့ စာသားထိုးထား တာ၊ အခုတော့မရှိတော့ဘူး။ တမင်ဖျက်ထားဒါပါ။ လူတွေမသိအောင်ပေါ့” - ဟု ကျောက်တိုင်အနီး နေထိုင်သူ ပုဂ္ဂိုလ် တဦးက ပြောပါသည်။

ဂျူလိုင် ၁၉ ရက် မနက်ဖြန်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အားဇာနည်နေ့အခမ်းအနားအား နမ့်ခမ်း မြို့၌ အခမ်းအနားတစုံတရာ လုပ် ဖွယ်မရှိလည်း အာဇာနည်ခေါင်းဆောင်များအား ရိုသေလေးစားသူ များက အဆိုပါ မြို့လယ်ရှိ အာဇာနည်ကျောက်တိုင်အား ကြည့် ရှုကြ ကြောင်း၊ ထို့ကြောင့် ဖျက်ဆီးခံရသည့် စာသား အား သတိထားလာခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောပြ ကြပါ သည်။

“အဲဒီ အာဇာနည်ကျောက်တိုင် ဆိုတဲ့ စာသားဖျက်ဆီးပစ်တာက စည်ပင်အဖွဲ့ကဘဲ။ ဖျက်ဆီးခံ ရ ချိန် အခု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်စိုးတောင် ရောက်မလာသေးဘူး။ ကျနော်မှတ်မိတလောက် တနှစ် ကျော်ရှိပြီ” - ဟု တက်ကြွသူ ခေတ်ပညာတတ်လူငယ် စိုင်းအိုက်ခမ်း က ပြောပါသည်။

ရန်ကုန်မြို့ အာဇာနည်ကုန်းမှတပါး အခြား သျှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုး အပါဝင် မွန်ပြည်နယ် အတွင်း မြို့ ကြီး ၄ မြို့၊ အခြားမြို့ကြီးများအား အာဇာနည်နေ့အခမ်းအနား ကျင်းပခွင့်ပိတ်ပင်ထားကြောင်း သတင်းဌာန အချို့ကရေးသားထုတ်ပြန်ပါသည်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း အပါအဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်း မောင်နှင့် ရဲဘော်ကိုထွေးတို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့်နေ့ ၁၉၄၇ ဂျူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ်သတ်မှတ် ထားပါ သည်။

No comments: