Saturday, July 7, 2012

ဗကသ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမူ ရခိုင်ကျောင်းသားများ ရှုတ်ချ

နိရဉ္စရာ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်( ဗကသ) ခေါင်းဆောင် ၁၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက် တဲ့အ ပေါ် ရခိုင်ကျောင်းသားများက ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ ကွန်ကရက် (AASYC) အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က ဇူလိုင် ၇ ရက် ရွှေ ရတု အ ခမ်းအနား မတိုင်မီ တရက်အလိုမှာ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တဲ့ အပေါ် ရှုတ်ချကြောင်း ခုလို ပြောဆိုပါတယ်။

“ တိုင်းပြည်မှာ အခြေခံ အကျဆုံး ကျောင်းသားတွေရဲ့ အခွင့်အရေးကို ခေတ်အဆက်ဆက် အုပ် ချုပ်သူ လူတန်းစားတွေက ပိတ်ပင်ခဲ့တယ်။ အခုလဲဘဲ အရပ်သား အစိုးရလို့ ပြောနေတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကလည်း လမ်း ဟောင်းအတိုင်း ဆက်လျှောက်ပြီး ကျောင်းသားတွေ ရဲ့အခွင့်အရးတွေကို ပိတ်ပင်နေပါတယ်။ အခုလို လုပ်ရပ်တွေကို ကျွန်တော်တို့ အ နေနဲ့ ပြင်းပြင်း ထန်ထန် ရှုတ်ချပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါ တယ်။”

အခု အဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်နဲ့ နယ်မြို့တွေက ဖြစ်ကြပြီး ဆဗင်း ဇူလိုင် အထိမ်းမှတ် နှစ် ၅၀ ရွှေရတု အခမ်း အနားကို ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့တွေက တချို့ကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င်၊ ရဲ၊ ရဲထောက်လှမ်းရေးနဲ့ စရဖတို့က သူတိုရဲ့ နေအိမ်တွေကနေ ဖမ်းဆီး ခေါ် ဆောင်သွားသလို တချို့ဆိုရင်လည်း ခရီးသွားနေစဉ် စရဖ ထောက်လှမ်းရေးအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတယ်လို့ ဆိုပါ တယ်။

အခု ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ လားရှိုးက ကျောင်းသား ခေါင်းဆောင်တွေ ပါဝင်ပြီး စုစုပေါင်း ၁၄ ဦး ဖြစ်တယ်လို့ သူတို့ရဲ့ မိသားစု အသိုင်းအ၀ိုင်းက ပြောပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တွေထဲမှာ မဖြိုးဖြိုးအောင်၊ ကိုစည်သူမောင်၊ ကိုဒီ ငြိမ်းလင်း၊ ကိုရဲ မြတ်ဟိန်းတို့ ပါဝင် တယ်လို့ ပြောပါတယ်။ မန္တလေးမှာ ဖမ်းဆီးခဲ့သူတွေက တော့ ကိုမင်းခန့်၊ ကိုမိုးထက်နေ၊ ကိုအောင် မှိုင်းဆန်း၊ ကိုသန်းထိုက်တို့ ဖြစ်ကြ တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ ရွှေဘိုမြို့က ကျောင်းသား ၃ ယောက်နဲ့ ကျောင်းသူ ၁ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သလို လား ရှိုးမြို့က ကျောင်းသား ၂ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

“ လက်ရှိ အစိုးရက ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတာ မဟုတ်ဆိုတာကို သက်သေပြလိုက်တာ ဖြစ်သလို လမ်းဟောင်းအတိုင်း လျှောက်သွား လိုတဲ့ သဘော ဖြစ်ပါတယ်။ တိုင်းပြည်မှာ ကျောင်းသား တွေရဲ့သွေး မြေကျခဲ့တဲ့ သမိုင်း တွေဟာ ခေတ်အဆက်ဆက် ကျောင်း သားတွေရဲ့ ရင်ထဲမှာ အရိပ်ဆိုး အဖြစ် နောက်က လိုက်နေပါတယ်။ ဒီ ကျောင်းသားတွေရဲ့ အ တိတ်သမိုင်း သင်္ခန်းစာ တွေကို အုပ်ချုပ်သူ လူတန်းစားတွေက ယူပြီး ဒီလို အဖြစ်အပျက်တွေ နောက်ထပ် မဖြစ်ပွားဖို့ အတွက် ကျောင်းသားတွေကို ဖမ်းဆီးမှုတွေ၊ ဖိနှိပ်မှု တွေ ဆက်မလုပ်ဖို့ လိုတယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်” ဟု ကိုထွန်းဇော်က ဆက်ပြောပါတယ်။

မနေ့ က ညဥ့်မှာ အာဏာပိုင်တွေဟာ ဧည့်စာရင်း စစ်သလိုမျိုးနဲ့ ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းကိုလည်း လာ ရောက်ရှာ ဖွေခဲ့တယ်လို့ ပြောပါတယ်။

အခုလို ရှာဖွေပေမယ့် ဖမ်းဆီးတာ၊ ပစ္စည်းတွေ သိမ်းယူသွားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီးခံရတဲ့ အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေက ဦးဆောင်ပြီး ဇူလိုင် ၇ ရက် အခမ်းအ နားကို သူတို့ဆက်လက် ကျင်းပသွားမယ်လို့ဆိုပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆန္ဒပြကျောင်းသားတွေကို စစ်တပ်နဲ့လုံခြုံရေး တပ်ဖွဲ့တွေက တက္ကသိုလ် နယ်မြေထဲအထိ ဝင် ရောက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့ အတွက် ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့မနက် အာရုဏ်တက်ချိန်မှာ သ မိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း စစ်အာဏာပိုင်တွေက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်ခဲ့ပါတယ်။

No comments: