Saturday, July 7, 2012

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်စီတန်း လှည့်လည်သူများအား အစိုးရရုံးများရှေ့ ဖြတ်ခွင့်မပြု

KNG

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ဒုက္ခသည်များကိုဖမ်းဆီးမှုနှင့်ပတ်သက်၍ သိက္ခာတော်ရဆရာများ ဦးဆောင်ကာ ငြိမ်းချမ်းစွာ စီ တန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ရာ အစိုးရရုံးများရှိသောလမ်းများကို ပိတ်ဆို့ထားပြီး ဖြတ်သန်းခွင့် မပြုပဲ အာဏာပိုင်များက လုံခြုံ ရေးအပြည့်ယူထားကြောင်းသိရသည်။

ထိုသို့ မြစ်ကြီးနားမြို့တွင်း ဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ရန် ဦးဆောင်သူများက ကချင်ပြည်နယ် ၀န်ကြီးထံ စာတင်ခဲ့ပြီးဖြစ်သည်။

အစိုးရမှအာဏာပိုင်များမှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အား လွတ်ပေးရန်နှင့် ဒုက္ခသည်များ လုံခြုံ ရေး ရရန် ငြိမ်းချမ်းစွာတန်းစီ လှည့်လည် ဆန္ဒဖော်ထုတ်ရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးထံ မြို့တော်ခန်းမ လမ်းကြားနှင့်ဝန်ကြီးရုံး ရှိလမ်း ကြားတွင် လှည့်လည်သွားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သော်လည်း အစိုးရရဲများမှ ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ပါဝင်လှုပ်ရှား သူ တစ်ဦး ပြောသည်။

“မြို့တော်ခန်းမနဲ့ ၀န်ကြီးရုံးလမ်းကြားကို ပိတ်ထားတယ်။ ပြီးတော့ ရဲတွေ သေနတ်ကိုင်ပြီး စောင့် နေတယ်။ ရဲမင်းကြီးအိမ်၊ အမှတ် ၁ ရဲစခန်း ပြီးတော့ ၀န်ကြီးရုံးတွေမှာတော့ ဆန္ဒမပြလိုက်ရဘူး” ဟု ပါဝင်သူ လူငယ်ခေါင်း ဆောင် တစ်ဦးကပြောသည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်စီတန်းလှည့်လည်မည့်နေရာအား မြို့တော်ခန်းမနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးလမ်း၊ ပြည်နယ်ရဲ တပ်ဖွဲ့ရုံးရှေ့၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ရုံး (အောက်ရုံး)ရှေ့၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့နှင့် ကချင်ပြည်နယ် တရားလွှတ် တော်ရုံးရှေ့တို့တွင်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းထံ ဇွန်လ ၂၉ ရက်နေ့တွင် စာတင်ခဲ့ခြင်း ဖြစ် သည်။

နှစ်ခြင်းခရစ်ယာန် ဂျန်မိုင်ကောင်မှ သင်းအုပ်ဆရာများဦးဆောင်၍ ထိုသို့ စာတင်ခဲ့ရာ တရားဝင် ခွင့်ပြုချက်မရသော်လည်း ယနေ့ဆန္ဒ ဖော် ထုတ်မှု ပြီးဆုံးသည်အထိ မည်သည့် အနှောက်အယှက်မှ မရှိခဲ့ပဲ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်ဟု မြစ်ကြီး နားလူငယ်များပြောသည်။

စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)ရုံးရှေ့နှင့်တရားရုံးရှေ့တို့တွင်ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်(KBC) အတွင်းရေးမှူးမှ အစိုးရမှ ဖမ်း ဆီးသွားသောဦးလထော်ဘရန်ရှောင်အားလွှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ဓမ္မသီးချင်းသီဆိုခဲ့ကြောင်းသိရသည်။

ဆန္ဒပြရာတွင် ဂျန်မိုင်ကောင်းရပ်ကွက်ရှိ ဒေသခံများနှင့် စစ်ပြေးဒုက္ခသည်စခန်းမှ စုစုပေါင်း ၁ဝ,ဝဝ ခန့် ပါဝင်ခဲ့သည်ဟု ပါဝင်ဦးဆောင် သူ ဆရာအောင်မြတ်ပြောသည်။

ဆန္ဒဖော်ထုတ်ဖေါ်မှုတွင် ဦးဘရန်ရှောင်၏အမျိုးသမီးမှ “ကျွန်မ၏ခင်ပွန်းဦးဘရန်ရှောင်ကိုလွတ်ပေးပါ” ဟူသော စာသားကိုကိုင်ကာ ၎င်း နောက် ဦးဆောင်သူသိက္ခာတော်ရဆရာများနှင့်အင်္ဂလိပ်၊ ကချင်၊ မြန်မာဘာသာများဖြင့် “ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်း တော် KBC ငြိမ်းချမ်းစွာ ဆန္ဒပြမှတ်တမ်း” ဆိုသည့် စာတန်းကို ကိုင်ဆောင်၍ ထိုနောက်တွင် ပါဝင်သူများကချင်ထဘီနှင့် အကျီဖြူများကိုဝတ်ဆင် ကာလှည့်လည် ဆန္ဒပြခြင်းဖြစ်သည်။

ပါဝင်သူများ၏ ဘေးပတ်လည်တွင် မြစ်ကြီးနားမြို့ ကချင်ခရစ်ယာန်အသင်းတော်မှ လူငယ်ပေါင်း ၂ဝဝ ကျော်က ကြိုးဖြင့် တန်းကာ လုံ ခြုံရေး အတွက် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်ဟု မြစ်ကြီးနားလူငယ်ခေါင်းဆောင်ကပြောသည်။

“ကျွန်နော်တို့လူငယ်တွေက ဘေးတွေကနေ ကြိုးတန်းပြီး လုံခြုံရေးပေးတယ်။ အဲဒီအလယ်မှာက ဂျန်မိုင်ကောင်ရပ်ကွက်လူတွေနဲ့ စစ် ပြေး ဒုက္ခသည်တွေသွားတယ်။ တစ်လမ်းလုံးဓမ္မသီးချင်းဆိုပြီးသွားတယ်။ ပြည်သူ လူထုတွေက လက်ခုပ်တီးပြီး တစ်လမ်းလုံး အားပေးကြို ဆို ကြတယ်။ ပြီးတော့ ရေနဲ့မုန့်တွေကိုလည်းပေးကြတယ်” ဟုပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ဦးလထော်ဘရန်ရှောင်ကို လွှတ်ပေးရန်၊ စစ်ပြေးဒုက္ခသည်များ၏ လုံခြုံမူရရှိအောင် ကာကွယ်ပေးရန်၊လူ့အခွင့် အ ရေးချိုးဖောက်မှုကိုအမြန်ဆုံးရပ်ဆိုင်းရန်၊ မတရားဖမ်းဆီးခြင်းကိုမပြုလုပ်ရန်၊ ပြည်တွင်းကို ငြိမ်းချမ်းမှုပေးရေး စသည့်အချက် များ ဖြင့် ယနေ့မနက်၉နာရီမှ ၁၂ နာရီခွဲထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဆရာအောင်မြတ်ကပြောသည်။

No comments: