Friday, July 6, 2012

အိန္ဒိယ နယ်ထဲ ၀င်ပြီး ငွေညစ်တဲ့ မြန်မာ စစ်သား ၂ ဦး ဖမ်းဆီးခံရ

ထွန်းထွန်း

အိန္ဒိ ယနိုင်ငံထဲ ကျူးကျော် ၀င်ရောက်ပြီး ငွေညစ်တဲ့ မြန်မာစစ်သား ၂ ဦး ကို ဇူလိုင်လ ၃ ရက်နေ့က အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ တစ်ခုက ဖမ်း ဆီးလိုက်တယ်လို့ သိရပါတယ်။

ခုလို ဖမ်းဆီးတာကို အန္ဒိယ PTI သတင်းဌာနက အိန္ဒိယ ရဲအဖွဲ့ကို ကိုး ကားပြီး သတင်း ရေးသား ဖေါ်ပြပါတယ်။

အဲဒီ မြန်မာ စစ်သား ၂ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချန်ပိုင်ခရိုင် Ngur ရွာအနီး Zilhriphai ဒေသ ဘက်ကို ၀င်လာပြီး လယ်သ မားတဦး ဆီက ကျပ်ငွေ တစ်သိန်း ခြိမ်းခြောက်တောင်းနေစဉ်မှာ အာသံ ရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်သား ၂ ဦးဆီက AK-47 သေနတ် တလက် ၊ မဂ္ဂဇင်းတချပ်နဲ့ မို ဘိုင်းလ်ဖုန်း တလုံး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

မြန်မာ စစ်သား ၂ဦးကို အခုအခါ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့မှ တဆင့် ချန်ဖိန်းရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါ တယ်။

အခုလို မြန်မာ စစ်သား ၂ ဦး အိန္ဒိယ နယ်ထဲမှာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေဘက်က တုန့်ပြန်မူတွေတော့ လော လောဆယ်မှာ ထွက်မလာသေးပါဘူး။

No comments: