Saturday, July 21, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေး ဆန္ဒပြရန် စီစဉ်နေ

ဖနိဒါ

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး လိုလားကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးများ ဦးဆောင်၍ လူမျိုးဘာသာမရွေး ပါဝင်သော စီ တန်း လှည့် လည် ဆန္ဒပြပွဲတရပ်ကို လာမည့်သီတင်းပါတ်တွင် ပြုလုပ်ရန် စီစဉ်နေသည် ဟု ဦးဆောင် စီစဉ်သူတဦးဖြစ်သည့် ဒေါ်ဂျာ ခေါန်က ပြောသည်။

“ကျမတို့ ဒီမှာက ငြိမ်းချမ်းရေးမရှိသေးလို့ ကျမတို့ မိခင်တွေရဲ့ ဆန္ဒဖော်ထုတ်ဖို့ အဓိကပဲ။ ကျမတို့ မိခင်တွေက တိုင်းရင်းသားတွေ၊ မြို့မိမြို့ဖတွေ အကုန်လုံးကို စုပေါင်းပြီးမှ ကျမတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ဖို့ အစီအစဉ် ရှိပါတယ်။ ခု အ ကုန်လုံးနဲ့ ညှိနှိုင်းနေတုန်းပဲ ရှိပါတယ်။ အားလုံး ဆန္ဒ ပါဝင်ရတယ်” ဟု မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ကျမတို့ ကချင်ပြည်နယ်မှာ သိတဲ့အတိုင်းပဲ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းသွားအောင်လို့ အေးအေးဆေးဆေး သွားလာနိုင်အောင်၊ ကျမတို့ မိခင်တွေရော အကုန်လုံး အေးအေးဆေးဆေး နေနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လုပ်ဆောင်ခြင်း ဖြစ်တယ်။ တခြားဘာမှ မ တောင်းဆိုဘူး၊ ငြိမ်းချမ်းရေးတခုပဲ တောင်းဆိုမှာပါ” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် စစ်ပြေးဒုက္ခသည်များ အများအပြားရှိနေသဖြင့် ထိုစစ်ပြေးဒုက္ခသည်များ မိမိတို့ ကျေးရွာ၊နေအိမ်များသို့ ငြိမ်း ငြိမ်းချမ်း ချမ်း ပြန်နိုင်ရေးအတွက် ရည်ရွယ်၍ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ဥပဒေအရ သက် ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ အကြောင်းကြား၍ လုပ်ဆောင်သွားမည်ဟု သိရသည်။

သို့သော် ထိုဆန္ဒဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ခမိုင် တန်၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား သံသယ ရှိနေကြသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“နှစ်ဘက်စလုံးကို ငြိမ်းချမ်းရေး အမြန်ရအောင် လုပ်ပေးဖို့ ထုတ်ဖော် ဆန္ဒပြမယ်။ ပြည်ခိုင်ဖြိုးလို လို၊ ပြည်နယ် အစိုးရ ဘက်က ဆန္ဒဖော် ထုတ်ခိုင်းတယ်လိုလို ပြောနေကြတယ်။ သူတို့က ပြည်ခိုင်ဖြိုးက ဖြစ်နေတယ်။ အစိုးရက လုပ် ခိုင်းတယ် လို့ ကြားတယ်။ ပြည်ခိုင်ဖြိုးက ဆို တော့ လူတွေက သံသယဖြစ်နေကြတယ်”ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာပြီဟု ဆိုသော်လည်း ကချင်ပြည်နယ်တွင် ဒီမိုကရေစီ၏ အနစ်သာရ မခံစားရသေးသဖြင့် ငြိမ်းချမ်းရေးကို လို လာကြောင်း ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြသည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

“အခုက ကချင်ပြည်နယ်မှာ ဒုက္ခရောက်နေတာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ရွာပုန်းရွာ ရှောင် ဒုက္ခသည်တွေ၊ တခြားပြည်သူတွေ အ နေနဲ့လည်း ဒုက္ခဆင်းရဲခံရတာတွေ အများကြီး ရှိတယ်။ ဒါက ငြိမ်းချမ်းရေး မရရှိလို့ ဒီလို ဖြစ်နေ တာ။ သူတို့က ငြိမ်းချမ်းရေး ရစေချင်တဲ့ ရည် ရွယ်ချက်ရှိတယ်လို့ ကြားသိရပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် အစိုးရဘက်မှ တပ်များ ဆုတ်ပေးခြင်း မရှိသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ယခုထိ ဆွေး နွေး ပွဲများ အဆင်မပြေမှု ဖြစ်နေရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

၎င်းတို့နှစ်ဖက် ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်၏ တပ်ရုပ်သိမ်းရေးကိစ္စ ဆွေးနွေးမည် ဖြစ်သော်လည်းဆွေးနွေးမည့် နေရာ ညှိ နှိုင်း၍ မရ ဖြစ်နေကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် တွေ့ဆုံမှုကို KIO ဘက်က ပယ်ချခဲ့ပြီးနောက် ရှမ်းပြည်နယ် မူဆယ်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်က ကမ်း လှမ်းမှုကိုလည်း KIO ဘက်မှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် မဖြစ်နိုင်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က KIO ဘက်မှ အစိုးရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ စာပို့လိုက်ပြီး ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြော သည်။

“နိုင်ငံရေးဆွေးနွေးမှု ရောက်ဖို့ ပစ်ခတ်တာ ရပ်ရမယ်။ နှစ်ဖက် ယုံကြည်မှု ရအောင်၊ ကျနော်တို့လည်း ဒု-သမ္မတကို အရဲစွန့်ပြီးတော့မှ တပ် တွေကို ရုပ်သိမ်းပေးပါလို့ သွားပြောထားတယ်။ ဒါပေမယ့် ရုပ်သိမ်း မယ်လို့ ပြောပြီး ခုထိ မရုပ်သိမ်းသေးဘူး။ ဒီထက်မကဘူး။ တိုက် ပွဲတွေ ဆက်ဖြစ်နေတော့ ဆွေးနွေးပွဲ ရောက်ဖို့ ခက်ခဲနေတယ်” ဟု မဇ္စျိမကို ပြော သည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁၆၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုအထဲမှ ၁၄၉ ကြိမ်သည် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဖြစ် ပြီး၁၅ ကြိမ်မှာ အစိုးရဘက်မှ ထိုးစစ်ဆင်လာ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ KIO တပ်မဟာ ၁၊ ၄၊ ၅ နယ်မြေများတွင် တိုက် ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ၎င်းနေရာတွင် တွေ့ဆုံ မဖြစ်နိုင်ကြောင်း စာပေးပို့ထားသည်ဟု သိရသည်။

KIO ၏ တပ်မဟာ ၄ ကိုလည်း အစိုးရဘက်မှ ထိုးစစ်ဆင်နေ၍ တရုတ်နယ်စပ် မိုင်ဂျာယန်နှင် လွယ်ဂျယ်အကြားရှိ ပရန်ဝမ်ဒေသ သို့မဟုတ် ယခင် တွေ့ဆုံခဲ့သော ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံလိုကြောင်း KIO က စာပေးပို့ထားမှုကို အစိုးရဘက်မှ ပြန်လည်တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။

No comments: