Sunday, July 15, 2012

မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး

khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက် ရန် ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က ရွာသားတဦး သေဆုံးသွားသည်ဟု သိရသည်။

တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ် သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင် များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြန်ဖြေခဲ့သော ဆိုဇန်ရွာသား ဦးထန်မှုန်းသည် စစ်သား များ၏ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့က တီးတိန်ပြည်သူ့ဆေးရုံး တွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချူပ် ခေါင်း ဆောင် ပူးထန်ဒိုး လျန်ကပြောသည်။

“ ရဲတယောက်နဲ့ စစ်သားတွေက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းတာ သူ့ရွာ သား တွေနဲ့စကား များတာ သူကတဖက်နဲ့တဖက် ရန်မဖြစ်နဲ့ဆိုပြီး ဖျန်ဖျေတာ စစ်သားတွေက ရိုက်တာပေါ့နော် သူ့နဖူး ၂ လက်မလောက် ကွဲပြီးတော့ ၂ လက်မလောက် နက်တယ်နော် ခု ဆေး ရုံးမှာ သေသွားတယ်’’ ဟု သူကပြောသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင်သော ရဲ တဦးကို တီးတိန်မြို့နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဟု သိရပြီး စစ်သား ၂ ဦး၏ အခြေအနေ ကိုမူ မသိရသေးပေ။ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ တွင် ဟားခါးမြို့မှ ပြည်နယ်ရဲမှူး တီးတိန်မြို့ သို့ ရောက် လာမည်ဟုသိရသည်။

တီးတိန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အရပ်သား နှင့် အာဏာပိုင်များ ခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ပွားလျက်ရှိ သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင် ပိုင်ရှင် မမားမာန် ကို ဒေသတွင်းအခြေစိုက် စစ်ဘက် ရေးရာ လုံခြုံရေး( စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေးက လည်ပင်းညှစ်ပြီး ဦးခေါင်းကို ထိုးနှက်ခဲ့မှုတခုဖြစ်ပွား ခဲ့ပြီး ယင်းကိစ္စကို အရေး ယူပေးရန် အထက်အာဏာပိုင်များထံ အမှုဖွင့်တိုင်ကြားခဲ့သည်။

No comments: