Monday, July 23, 2012

သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရတနာဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂

ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ် ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သ ကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ် နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေး သွားခြင်း ဖြစ်သည်။

အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြားသဖြင့်မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ် ခန်းရှိ တရား ခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

No comments: