Monday, July 23, 2012

မြန်မာနှင့် ထိုင်း စီးပွားရေးဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆို

ရန်ပိုင်

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ ယနေ့နံနက်ပိုင်းက တွေ့ဆုံပြီး အထူးစီးပွားရေး ဇုန် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ နားလည်မှု ရယူနိုင်ခဲ့ကြောင်း သတင်းရ သည်။

ထားဝယ်အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများ၌ ပြီးပြည့်စုံသော ဖွံ့ဖြိုး တိုးတက် မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU)၊ မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင် ငံ နိုင်ငံခြားရေး ၀န်ကြီးများက ရေးထိုးကြ ခြင်း ဖြစ်သည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်ကို ထိုင်းဘုရင့် ကောင်စီ အကြံ ပေးအဖွဲ့ဝင် ထေ့ပ်ကမွန် ထေဝကွန် အပါအ၀င် ဒုတိယ ၀န်ကြီးချုပ် ယူထစပ်က် စစီပရာပါ တို့က ကြိုဆိုခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်းဖြစ်သည့် ချွန်ဘူရီခရိုင်ရှိ လမ်ချဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့ လာခဲ့ သည်။

သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံတွင် ၃ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး မြဘုရားသို့လည်း သွားရောက်ဖူးမျှော်မည်ဟု သတင်းများက ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ အ မျိုး သား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် နေရာ ချထားရေးဝန်ကြီး ဦးအောင်ကြည်၊ စွမ်းအင် ၀န်ကြီးဌာန၀န်ကြီး ဦးသန်းဌေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးဝင်းမြင့်တို့အပြင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာဝင်း မြင့်တို့လည်း လိုက်ပါသွားသည်။

ယနေ့တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှာ ဘန်ကောက်မြို့တွင်ဖွင့်လှစ်ထားသည့် မြန်မာအလုပ်သမားရုံးများသို့သွားရောက် ကြည့် ရှုမည်ဖြစ်ပြီး စီးပွားရေး ၀န်ကြီး ဦးဝင်းမြင့်မှာလည်း ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေး နွေးမည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နအဖ ဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၎င်း သမ္မတ တာဝန်ယူပြီးမှ ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။

No comments: