Sunday, July 15, 2012

မျှော်မှန်းထားသည့်အတိုင်း မွန်ကျောင်းဆရာများကို ထောက်ပံ့ကြေး

ကောင်းဝါ

မွန်ဆရာ ဆရာမများအား ထောက်ပံ့ကြေး တိုးမြှင့်ပေးနိုင်ရန် မွန်ပြည်သူများထံမှ အလှူငွေ ကောက်ခံခဲ့ရာ အနည်းအကျဉ်းသာ ရရှိသည့် အ တွက် မျှော်မှန်းထားသလောက် တိုးမြှင့်ပေးနိုင်မည် မဟုတ်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမူကော်မတီ (ဗဟို) အဖွဲ့ဝင်တဦးက ပြော သည်။

သူ၏ အဆိုအရ တသောင်းကျပ်သာခန့်သာ တိုးမြှင့်ပေးနိုင်မည် ဖြစ်သည့်အတွက် ဆရာ ဆရာမ တဦးလျှင် လက်ရှိထောက်ပံ့ကြေး နှစ် သောင်း ကျပ်မှ သုံးသောင်းကျပ်သို့ တိုးပြီး ရရှိလိမ့်မည် ဖြစ်သည်။

“မျှော်မှန်းထားသလောက်တော့ မရဘူး၊ ဥပမာ ပငရွာတို့ ဆိုရင် သိန်းနှစ်ဆယ်လောက် ရတယ်၊ လမိုင်းမှာဆိုရင် သိန်းသုံးဆယ်လောက်ရ တယ်၊ တခြားရွာမှာလည် ဒီလိုပါပဲ၊ များများတော့ မရလိုက်ဘူး” ဟု သံဖြူဇရပ် မြို့ နယ် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ အဖွဲဝင် တ ဦးဖြစ်သူ နိုင်မာန်က ပြောသည်။

“ကျနော်တို့ စဉ်းစာထားတာက တအိမ်ကို တသောင်းလောက် အလှူခံမယ်ပေါ့၊ ဒါပေမဲ့ လက်တွေ့ကျတော့ အဲဒီလောက်ထိ မပေးနိုင်ကြဘူး” ဟု နိုင်မာန်က ဆက်ပြောသည်။

ယခင်က မွန်ကျောင်းဆရာ တဦးကို ထောက်ပံ့ကြေး ၅ဝ,ဝဝဝ ကျပ်ထိ တိုးပေးရန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟို လက် အောက်ရှိ မွန်အမျိုးသား ပညာရေး ထောက်ပံ့ရေး ကော်မတီ (MNESC) က ရည်ရွယ်ထားခဲ့သည်။

မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသား ပညာရေး ကော်မတီမှ ယခုနှစ် ဧပြီလတွင် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုသို့ တရားဝင် လွှဲ ပြောင်း ပေးသည့် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်ရှိ မွန်စာသင် ကျောင်း ၁၁၄ ကျောင်းတွင် မွန်အမျိုးသားကျောင်း ၃၁ ကျောင်းနှင့် အစိုးရကျောင်းနှင့် ပူးတွဲသင်ကြားသည့် ကျောင်း ၈၃ ကျောင်း ရှိပြီး၊ ဆရာ ဆရာမ ၂၆၃ ဦး ရှိသည်။

မွန်အမျိုးသား ပညာရေး ကော်မတီ၏ စာရင်းအရ ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်တွင် မွန်စာပေသင်ကျောင်း ၂၇၂ ကျောင်း ရှိသည့်အနက် မွန် အမျိုးသားကျောင်း ၁၄၃ ကျောင်းနှင့် အစိုးရနှင့် ပူးတွဲကျောင်း ၁၂၉ ကျောင်း ရှိကာ ဆရာ ဆရာမ ၈၀၈ ဦးနှင့် ကျောင်းသူ ကျောင်း သား ၃၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။

မွန်စာသင်ကျောင်း ဆရာများ၏ ထောက်ပံ့ကြေးမှာ အစိုးရကျောင်း ဆရာများ၏ လစာ၊ ထောက်ပံ့ကြေးနှင့် ကွာဟလွန်းသည့်အတွက် မွန်စာ သင်ကျောင်းတွင် ဆရာ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ အစိုးရကျောင်း မူလတန်းပြ ဆရာတဦး၏ လစာနှင့် ထောက်ပံ့ကြေး မှာ အနိမ့် ဆုံး ၉ဝ,ဝဝဝ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။

လစာကွာဟမှုကို ထိန်းညှိနိုင်ရန်မှာ မွန်ကျောင်းဆရာများကို လစာ တိုးပေးရန်သာ ရှိပြီး၊ ဇွန်လလယ်ခန့်တွင် ရန်ပုံငွေ ရှာဖွေရေး ကော်မ တီ တ ရပ်ကို ဖွဲ့စည်းကာ၊ မြို့နယ်အသီးသီးရှိ ပြည်သူများနှင့် သံဃာတော်များထံမှ အလှုငွေများ ကောက်ခံကာ ရန်ပုံငွေများ စုဆောင်း ခဲ့သည်။

အရှေ့တောင်အာရှတွင် သမိုင်းနှင့် အထင်အရှား ရှိခဲ့သည့် ထီးသုံးနန်းသုံး မွန်စာပေသည် ယခုအချိန်တွင် ရေရှည်ရပ်တည်နိုင်ရန် အ တွက် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေပြီး၊ မကွယ်ပျောက်သွားရန်အတွက် မွန်တိုင်းရင်းသား ခေါင်းဆောင်များက ကြိုးပမ်းလျက် ရှိသည်။

“အလှူရှင်တွေက အကူအညီ ဖြတ်တောက်ထားတယ်၊ အလှူရှင်သစ် ရှာရမယ်၊ ဘုန်းတော်ကြီးနဲ့ မွန်မျိုးချစ်တွေဆီက အလှူခံမယ်” ဟု မွန်အ မျိုးသား ပညာရေး ထောက်ပံ့ရေး ကော်မတီ (MNESC) မှ ခေါင်းဆောင်တဦး ဖြစ် သူ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မွန်စာပေသည် မွန်တိုင်းရင်းသားတို့ရဲ့ အသက်သွေးကျောတခုသဖွယ် အရေးကြီးသည်ကို မွန်ခေါင်းဆောင်များက ယုံကြည်ကြပြီး အ ပစ် အခတ် ရပ်စဲပြီးနောက် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့်အကြိမ်တိုင်းတွင် မွန်စာပေကို အစိုးရကျောင်းများ၌ အချိန်ပိုင်း တခု အနေဖြင့် သင်ကြားခွင့် ရရန် မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့သည်။

သို့သော် အစိုးရက မွန်စာပေကို ကျောင်းချိန်ပြင်ပနှင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွင်သာ သင်ကြားခွင့် ပြုပြီး၊တစုံတရာ ထောက် ပံ့ ပေးလိမ့် မည် မဟုတ်ကြောင်း မွန်ပြည်သစ် ကိုယ်စားလှယ်များက ပြောသည်။

အခြေခံပညာအဆင့်တွင် ရုံးသုံး ဘာသာစကား (မြန်မာစာ) နှင့် နိုင်ငံတကာသုံး ဘာသာစကား (အင်္ဂလိပ်စာ) တို့ကို သူငယ်တန်းမှ စ၍ လေ့ ကျင့်သင်ကြားပေးလျက် ရှိသဖြင့် တိုင်းရင်းဘာသာကို ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထားကြောင်း ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားဘာသာ သင်ကြားရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

No comments: