Tuesday, July 3, 2012

RCSS/SSA မှ ငြိမ်းချမ်းရေး စောင့်ကြည့်ရန် မြို့နယ် ကိုယ်စား လှယ်လူထု ရွေးချယ် နိုင်ခဲ့

သျှမ်းသံတော်ဆင့်

လူထုနှင့်ထိတွေ့မှုရယူနေသော သျှမ်းပြည်တပ်မတော် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့် အဖွဲ့ ငြိမ်းချမ်းရေးစောင့်ကြည့်ရန် မြို့နယ်ကိုယ်စားလှယ်များရွေးချယ်နိုင်ပြီဖြစ်ကြောင်း အစိုးရမှ ရွေးချယ် ထားသည့် ကိုယ်စားလှယ်နှင့် ညီတူညီ မျှတဝက်စီ ဖြင့်ပူးပေါင်းဖွဲ့စည်းရန်ပြင်ဆင်နေကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦးက ပြောသည်။

“ဂျူလိုင်လဆန်း ၁ ရက်နေ့ကကျနော်တို့အဖွဲ့တောင်ကြီးကဆက်သွယ်ရေးရုံးမှာ မြို့နယ်ကိုယ်စား လှယ်တွေကိုခေါ်ယူတွေ့ဆုံတယ်။ သျှမ်းပြည်တောင်ပိုင်းက မြို့နယ် ၂၀ အတွက်ကိုယ်စားလှယ်အယောက် ၅၀ ကျော်ရှိတယ်။တမြို့နယ် မှာအနည်းဆုံး တစ်ယောက်ကနေ နှစ် အယောက် အထိရွေး ထားတယ်။ ဒီထဲက ကျနော်တို့ ထပ်ပြီး စီစစ် ရွေးထုတ်မယ်။ အစိုးရနဲ့ပူး ပေါင်းပြီး ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့ ဖွဲ့စည်း ဖို့ပေါ့။ ပြီးရင် မြန်မာ အစိုးရ ဖက်က ဘယ် နှစ်ယောက်ရွေး ထားလဲ။ အ စိုးရ က ၁၀ ယောက်ရွေးလာရင် ကျနော်တို့ လဲ ၁၀ ယောက် စာရင်းပေးမယ်။ ပူးပေါင်းအလုပ်လုပ်ဖို့ပေါ့။ အစိုးရလူနဲ့ တဝက်စီ ညီညီ မျှမျှ လှုပ်ရှားသွားမယ်” ဟု စည်းရုံးရေး လိုက်ပါသည့် သျှမ်း ပြည်တပ်မတော်မှ အရာရှိတဦးက ပြောသည်။

ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဂျွန်လဆန်းကတည်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ် မ တော် RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့က (၃ ဖွဲ့ခွဲ၍ သျှမ်းပြည်မြောက်ပိုင်း၊ တောင် ပိုင်းနှင့် အရှေ့ပိုင်းသို့ ) လူထု ဆန္ဒသဘောထားကောက်ယူရန်ကွင်းဆင်းရာ ဂျူလိုင်လဆန်းက တောင်ပိုင်း အတွက် ကိုယ် စား လှယ်ကိုရွေးချယ်နိုင်ခဲ့ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ကိုယ်စားလှယ်များလည်းရက်ပိုင်းအတွင်း အပြီးရွေးချယ်ရန် ရှိကြောင်း၊ ဂျူလိုင်လအတွင်း အစိုးရ ကိုယ်စား လှယ် နှင့်အတူ ငြိမ်း ချမ်းရေးစောင့်ကြည့်လေ့လာရေးကော်မတီ အပြီးဖွဲ့စည်း သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြော ပြသည်။

“ ကျနော်တို့ဖက်က ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်တဲ့ ၇ ယောက်ပါအဖွဲ့ပေါ့နော် လူထုနဲ့တွေ့ဆုံခဲ့ ပါတယ်။ အဓိကကတော့ ကိုယ်စားလှယ် တွေကနေ ကိုယ့်မြို့ကိုယ်ရွာကလူတွေကို ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် စည်းရုံးရေးဆင်း ပေး ဖို့ဖြစ် တယ်။ လူထုကနေ နားလည်သ ဘောပေါက်လာအောင်၊ ထာဝရ ငြိမ်းချမ်းရေးဖြစ်အောင် ရည်ရွယ်ပါတယ်။ ခုရတဲ့ ကိုယ်စား လှယ်တွေဟာ လူငယ်တွေ များပါတယ်။ ဘယ် အဖွဲ့အစည်းကမှမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ စိတ်ပါဝင်စားတဲ့လူငယ် တွေပါ။ မြို့ထဲရွာ ထဲမှာလဲ သာရေးနာရေးတွေမှာ စေတနာပါ တက် ကြွလှုပ်ရှားတဲ့လူငယ်တွေပေါ့” ဟု အဆိုပါ အရာရှိက ဆက်လက်ပြော ပြပါ သည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးကကဲ့သို့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း ယခုလအတွင်း ငြိမ်း ချမ်း ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ အပြီးဖွဲ့စည်းနိုင်ရန် RCSS/SSA ကိုယ်စားလှယ်များက စီစဉ်ထားကြောင်း ပြောပါသည်။

ဒေသခံလူထုအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်ကို ရှင်းလင်းပြသခြင်း၊ လူထုထံမှ ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ အပေါ် အမြင်သဘောထား၊ အရေး ၃ ပါးအပေါ် အမြင်သဘော မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့ ရကြောင်း အဖွဲ့ခေါင်း ဆောင် ဗိုလ် မှူးချုပ်ပေါင်ခေးက ဆက်လက်ပြောပြသည်။

No comments: