Tuesday, July 3, 2012

SSPP ကို ရလခ အပြင် ရမခ တပ်များလည်း ပါဝင်တိုက်ခိုက်

ကော့လီ

ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အား ရှမ်း ပြည်နယ် တောင်ပိုင်း ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် (ရလခ) လက်အောက်ခံ တပ်များအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက် အောက်ခံတပ်များကလည်း မြောက်ဘက်ပိုင်း ကနေ ပါဝင် ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း သတင်းရရှိပါတယ်။

မနေ့က (ဇူလိုင် ၂ ရက်) တန့်ယန်း ဗျူဟာ အောက်က မိုင်းကောင် အခြေစိုက် ခလရ(၃၃)၊ မိုင်း ပတ် အခြေစိုက် ခလရ(၁၃၆)၊ တန့်ယန်း အခြေစိုက် ခလရ(၃၂၆) စစ်ကြောင်းတွေ သုံးကြောင်းခွဲပြီး ကျနော်တို့ (၇)မိုင်စခန်းကို ဝိုင်းပတ် လာကြတယ်။ ပြီးတော့ အစိုးရ စစ်ကြောင်း တစ်ခုက (၅)မိုင်မှာ အခြေစိုက်ပြီး ညနေ ၃ နာရီခွဲ ကနေ ၅ နာရီလောက် အထိ (၇)မိုင်စခန်း ကို လက်နက်ကြီး တွေ အလုံးပေါင်း ဆယ်ချီ ပစ်တယ် – လို့ SSA အရာရှိ တစ်ဦးက ကော့လီ ကို ပြောပါတယ်။

ဒီနေ့ (ဇူလိုင် ၃ ရက်) မနက် ၆ နာရီလောက်မှာတော့ လွယ်ကောင်းပက် နဲ့ လွယ်ဆမ်ငမ့် တောင် ကုန်းတွေပေါ်မှာ အခြေစိုက်တဲ့ အစိုးရ စစ် ကြောင်း တွေက (၇)မိုင်စခန်းကို လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်ခဲ့ကြောင်း၊ မနက် ၈ နာရီခွဲလောက်မှာတော့ အစိုးရ လှုပ်ရှား စစ်ကြောင်း တစ်ခုက ဝမ်လာယု ကျေးရွာဘက် ကနေ (၇)မိုင်စခန်းကို ချဉ်းကပ် တက်ရောက် တိုက်ခိုက်ခဲ့တာ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

SSA ရဲ့ (၇)မိုင်စခန်းဟာ တန့်ယန်းမြို့နယ် တန့်ယန်း-မိုင်းရှူး လမ်းပေါ်က မိုင်းကောင် နဲ့ တောင် ဟျိုး ကျေးရွာများ အကြားမှာ တည်ရှိပါတယ်။

ယခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနေ့ မနက်မှာ သမ္မတက ကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီ (ကာ/လုံ) အစည်းအဝေး ခေါ် မယ်လို့ SSA ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် တစ်ဦးက အတည်ပြု ပြော ကြားလိုက်ပါတယ်။

No comments: