Tuesday, March 26, 2013

ကောလဟာလ သတင်းကြောင့် ရန်ကုန်မြို့နယ် ၆ ခုမှာ ဆိုင်တွေ စောစီးပိတ်ချဖို့ ကြေညာ

ABC

မိတ္ထီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခမျိုး ​ရန်ကုန်မှာလည်း ​ဖြစ်နိုင်တယ် ​ဆိုတဲ့ ​ကောလဟာလ ​သတင်းတွေကြောင့် ​ရန်ကုန်မြို့နယ် ​စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ​မြို့နယ် ​၆မြို့နယ်နဲ့ ​တချို့မြို့နယ်တွေမှာ ​ရောင်းချနေတဲ့ ​ဆိုင်တွေကို ​ည ​၉နာရီကနေ ​မနက် ​၅ ​နာရီအထိ ​ရောင်းချခြင်းမပြုလုပ်ဖို့ ​မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ​မနေ့ညပိုင်းမှာ ​ကားတွေနဲ့ ​လှည့်ပြီးကြေညာနေတယ်တယ်လို့ ​သိရပါတယ်။

မနေ့က ​ယုဇနပလာဇာအနီးမှာ ​ဖြစ်ခဲ့တဲ့ ​သာမာန် ​ပြဿနာကနေ ​မိ ​တ္ထီ ​လာ ​မြို့ ​မှာ ​ဖြစ်ခဲ့တဲ့ ​ပြဿနာအထိ ​ရောက်သွားမှာ ​စိုးရိမ်တဲ့အတွက် ​ဆိုင် ​တွေ ​ကို ​စောစီး ​ပိတ်ချဖို့ ​ကြေညာခဲ့တာ ​ဖြစ်ပါတယ်။

ကြေငြာတဲ့အထဲမှာ ​ပုဇွန်တောင်မြို့နယ်၊ ​တာမွေမြို့နယ်၊ ​ဗိုလ်တထောင်မြို့နယ်၊ ​မင်္ဂလာတောင်ညွန့်မြို့နယ်၊ ​၊ ​သာကေတမြို့နယ်၊ ​ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ​အခြားမြို့နယ်တွေလည်းပါဝင်ပြီး ​အဲဒီမြို့နယ်တွေမှာ ​ဖွင့်လှစ်ထား ​တဲ့ ​ဘီယာဆိုင်တွေ၊ ​လဖ္ဘက်ရည်ဆိုင်နဲ့ ​ဈေးဆိုင်တွေကို ​အဓိကထား ​ပိတ်ခိုင်းတာဖြစ်တယ်လို့ ​ဗကသအဖွဲ့ချုပ် ​ဗဟို ​လုပ်ငန်းကော်မတီ ​ဥက္ကဌ ​ကိုကျော် ​ကိုကိုက ​အခုလိုပြောပါတယ်။

ဆိုင်တွေကိုအဓိကထားပြီး ​၉နာရီနောက်ဆုံးထားပြီးပိတ်ခိုင်းတာပါခင်ဗျ၊ ​ဆိုင်တွေမှာ ​လူစုလူဝေးတွေ ​လက်ဘက် ​ရည်ဆိုင်တို့ဘာတို့မှာရှိမှာစိုးလို့ ​ပြီးတော့ ​ကျန်တဲ့ဆိုင်တွေရဲ့ ​လုံခြုံရေးကိုလည်း ​သူတို့တာဝန်မယူနိုင်ဘူး၊ ​လု ​ယက်မှုတွေဖြစ်မှာစိုးလို့ ​ ဆိုင်တွေကို ​၉နာရီပိတ်ခိုင်းတယ်ဆိုတာကို ​မြို့နယ် ​၆မြို့နယ်မှာ ​လှည့်ပတ်ကြေငြာတာရှိ ​တယ်၊ ​ကျန်တဲ့မြို့နယ်တွေမှာလည်း ​လမ်းမနားမှာရှိတဲ့ဆိုင်တွေကို ​အကုန်ပိတ်ခိုင်းထားတာကို ​တွေ့ရတယ်ဗျ၊ ​ရန်ကုန်မြို့လယ် ​ပြင်ပဧရိယာမှာလည်းပဲ ​၉နာရီခွဲလောက်မှာ ​အပြီးပိတ်ရမယ်လို့ ​ပြောထားတာမျိုးရှိတယ်၊ ​ဈေး ​ကြီးတွေကိုပေါ့ ​အစောင့်တွေချထားတာကိုလည်း ​တွေ့ရတယ်ခင်ဗျ ​အခုညပိုင်းမှာ။ 

ရန်ကုန်မြို့မှာ ​၂၄ရက် ​ညဘက်ပိုင်းမှာ ​အမည်မသိတဲ့လူတစုကကား၂စီးနဲ့ ​ရပ်ကွက်တွေထဲ ​လှည့် ​ပြီး ​အော်တာ ​တွေရှိတဲ့ ​အတွက်မြို့နေ ​လူထုတွေက ​ညပိုင်းမှာ ​ရပ်ကွက်အလိုက် ​လုံခြုံရေးယူပြီး ​သတိထား ​စောင့်ကြည့်နေ ​တဲ့ ​အနေအထားမှာရှိနေပြီး ​ပြဿနာဖြစ်နိုင်တယ်ဆိုတဲ့ ​ကောလဟာလသတင်းတွေကြောင့် ​ယုဇနပလာဇာနား ​က ​ဈေးဆိုင်တွေ ​စောစောပိတ်ခဲ့တာမျိုးတွေ ​ရှိတယ်လို့ ​ပြောပါတယ်။

အစိုးရရဲ့ ​ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ​လူမျိုးရေး၊ ​ဘာသာရေး ​အကြမ်းဖက် ​လှုံဆော်မှုတွေကို ​တည်ဆဲဥပဒေနဲ့ ​အစွမ်းကုန် ​တားဆီးသွားမယ်ဆိုတဲ့အကြောင်း၊ ​ဒုက္ခသည်ပြည်သူလူထုရဲ့ ​စားဝတ်နေရေးကို ​အပြည့်အ၀ ​တာဝန်ယူသွားမယ်ဆိုတဲ့အကြောင်း ​၊ ​ဒုက္ခသည်တွေ ​ပြန်လည်နေရာချထားရေးကို ​အမြန်ဆုံး ​ဆောင်ရွက်သွားမယ် ​ဆိုတဲ့အချက် ​၆ချက်ပါ ​ကြေညာချက်တစောင်ကို ​ထုတ်ပြန်ခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: