Tuesday, March 26, 2013

မြန်မာမှာ တရားမဝင် မူးယစ်ပြဿနာ ပိုမိုဆိုးရွားနေ

ABC

မြန်မာနိုင်ငံမှာ ​လူမှုရေး၊ ​နိုင်ငံရေး၊ ​စီးပွားရေးတွေ ​တိုးတက်မှုရှိလာပြီလို့ ​ပြောဆိုနေကြပေမယ့် ​တရားမဝင် ​မူးယစ်ဆေးဝါးပြဿနာကတော့ ​ပိုမို ​ဆိုးရွားနေတယ်လို့ ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

ခုချိန်ဟာ ​ဘိန်းတွေကို ​ရိတ်သိမ်းချိန် ​ဖြစ်တဲ့အတွက် ​မှောင်ခို ​ကူးသန်းရောင်းဝယ်မှုတွေ ​ထွန်းကား ​ချိန်ဖြစ်ပြီး ​သောက်သုံးသူတွေလည်း ​ပိုပြီး ​သောက်သုံးကြချိန်ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ​တရားမဝင် ​မူးယစ်ပြဿနာကို ​အစိုးရက ​ဖြေရှင်းနေပေမယ့် ​တဖက်မှာလည်း ​ဒေသခံ ​အာဏာပိုင်အဖွဲ့အစည်း ​အဆင့်ဆင့်ကနေ ​ဘိန်း ​စိုက် ​ပျိုး ​ခွင့် ​တွေ ​ပေးထားတဲ့ ​အတွက် ​ပြဿနာက ​ပိုမို ​ဆိုးရွားနေတာ ​ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ ​နေထိုင်သူတွေ ​အများအပြား ​ဘိန်းစိုက်ပျိုးရေးတွေ ​လုပ်နေကြပြီး ​ဘိန်းစိုက်ပျိုးတဲ့ ​လုပ်ငန်းကို ​မလုပ်ကိုင်လိုကြပေမယ့် ​ဘဝရပ်တည်ရေးအတွက် ​လုပ်ကိုင်နေရတယ်လို့ ​ဆိုပါတယ်။ ​တခြားသီးနှံတွေကို ​စိုက်ပျိုးရင် ​ဝယ်ယူသူတွေက ​တောတောင်ထိမဝယ်ကြတဲ့အတွက် ​မြို့ထဲကို ​သယ်ယူပို့ဆောင်နေရပြီး ​ဒီလို ​သွားလာ ​သယ်ယူရေး ​အခက်ခဲတွေကြောင့်လည်း ​ဘိန်းကိုပဲ ​စိုက်ပျိုးကြတာ ​ဖြစ်ပါတယ်။

ဘိန်းဝယ်ယူသူတွေက ​တောတောင်တွေအထိ ​လာပြီး ​ဘိန်းကို ​ဈေးကောင်းပေးဝယ်ကြတဲ့အတွက် ​ရောင်းရလွယ်ကူပြီး ​ငွေကြေးပိုရတဲ့ ​ဘိန်းကို ​စိုက်ပျိုးကြတာ ​ဖြစ်ပါတယ်။ ​ ဘိန်းစိုက်ပျိုးမှု ​ထွန်းကားတဲ့ဒေသဟာ ​အစိုးရရဲ့ ​ထိန်းချုပ်မှု ​နည်းပါးတဲ့ဒေသတွေ၊ ​ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်တွေ ​ကြီးစိုးတဲ့ ​ဒေသဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

နှစ်ပေါင်းများစွာ ​ဖြစ်နေတဲ့ ​ပြည်တွင်းစစ်ကြောင့်လည်း ​တောင်ပေါ်ဒေသခံတွေဟာ ​ဘိန်းစိုက်ပျိုးမှုအပေါ် ​မှီခိုနေရပြီး ​လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ​အဲဒီအပေါ်မှာ ​မှီခိုနေရတာ ​ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက ​တောတောင်တွေကြားမှာ ​မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ​စက်ရုံတွေရှိနေပြီး ​အဲဒီကတဆင့် ​ဘိန်းဖြူတွေ၊ ​စိတ်ကြွဆေးပြားတွေ ​ထုတ်လုပ်ပြီး ​အိမ်နီးခြင်းနိုင်ငံတွေကို ​ရောင်းချနေကြတယ်လို့ ​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကပဲ ​ထိုင်းအာဏာပိုင်တွေက ​မြန်မာနိုင်ငံကနေ ​ဝင်လာတဲ့ ​စိတ်ကြွဆေးပြားသန်းပေါင်း ​၈၂.၂ ​သန်းကို ​ဖမ်းဆီးရမိခဲ့ပြီး ​အရင်နှစ်တွေနဲ့ယှဉ်ရင် ​၆၆% ​ပိုများလာတာ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ​မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရဲ့ ​ခန့်မှန်းချက်အရ ​မြန်မာနိုင်ငံကနေ ​တနှစ်ကို ​ဘိန်းတန်ချိန် ​၆၉၀ ​လောက် ​ထုတ်လုပ်နေပြီး ​အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ​မြန်မာနိုင်ငံဟာ ​ဘိန်းကို ​ဒုတိယအများဆုံး ​ထုတ်လုပ်တဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ဆိုပါတယ်။

၂၀၀၆ ​ခုနှစ် ​နောက်ပိုင်းမှာ ​ဘိန်းစိုက်ပျိုးမှု ​ဧက ​၂ ​ဆ ​ကျော်တိုးမြင့်လာတယ်လို့ ​သိရပါတယ်။

No comments: