Friday, March 29, 2013

ကျားဖြူ ဥက္ကဌတူ သတ်သောတရားခံများ ဆက်တိုက်ဖမ်းဆီးနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူဥက္ကဌတူ ကို သတ်သော ၀ရမ်းပြေးတရားခံများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။

“ခု ဖမ်းမိတာတော့ တတိယမြောက်တရားခံပါ၊ စာရေးတန်းရပ်ကွက်က အားကျိ လေ မူစယ်တဘက်ခြမ်း ဂျေကောင်မှာ တရုတ်ရဲနဲ့မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးဖမ်းလိုက်တာ ခုတော့ နမ့်ဖတ်ကာမှ မနော် ဆိုသူ ပဲကျန် တော့တာ”ဟု နမ့်ခမ်းရဲအသိုင်းအဝိုင်းတစ်ဦးကပြောသည်။

၎င်းအားကျိ ကို ယ္ခုလ ၂၄ရက် ကဖမ်းပြီး ၂၅ ရက်က နမ့်ခမ်းမြို့တရားရုံးတွင် ဖြောင့်ချက်ပေးပြီးပြီး ချင်းသက် ဆိုင်ရာ တရားရေး မူစယ် ခရိုင်ကို လွဲအပ်လိုက်ကြောင်း ၊ နောက်ထပ် တ ရားခံပြေးကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင် ရာရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း ၄င်းက ဆိုသည်။

ဖမ်းဆီးရမိသော တတိယမြောက်တရားခံ အားကျိ၏ ထွက်ဆိုဖြောင့်ချက်မှာ “အခင်းဖြစ်ပွားတဲ့နေ့တွင် ၄င်းတို့ ၄ ယောက်စလုံးက ဓါးနှင့်ခုတ်မိ ကြောင်း ၊ရဲအောင်ထွေးနေအိမ်တွင် သူတို့ခုတ်ခဲ့သော ၁၈ လက်မ ဓါးတစ်လက် ရှိနေကြောင်း၊ မကြာသေးမှီက ဆိုင်ကယ်စီးပြီး ရွှေဆွဲကြိုးနှင့်ပိုက်ဆံအိတ် လုယှက်မှုလဲ သူတို့ အဖွဲ့ဖြစ် ကြောင်း” အားကျိက နမ့်ခမ်းတရားရုံးတွင်ထွက်ဆိုထားသည်ဟု နမ့်ခမ်းတရားရုံး နီးစပ်သူတစ်ဦးကပြောသည်။

ဤလူသတ်မှု အမှုသည် ယ္ခုအခါ ရ၀ ရာခိုင်နှုန်းခန့် အမှုပြီးနေပြီဖြစ်ကြောင်း၊ အများပြည်သူများကျေနပ်မှု ရှိ စေရန် နှင့် ရခိုင် ၊မိထ္တိလာဘက် ကလို လူမျိုးရေးပြဿနာများ မလိုလားသော ကြောင့် သက်ဆိုင်ရာပြည်နယ် တရားသူကြီး များ နှင့်ဆွေးနွေးတိုင်ပင်ပြီး တရားမျှတစွာ တရားစီရင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေကြောင်း ၄င်းက ဆိုသည်။

၎င်းလူသတ်မှုသည် ထောင်ဒဏ်တသက်တကျွန်းအထိ ချနိုင်သော အမှုဖြစ်ကြောင်း၊ မတ်ခ်ျ မကုန်မီ နောက်တကြိမ် ရုံးတင်စစ်ဆေးဦးမည်ဖြစ်ကြောင်း မိသားစုဝင်တဦးကပြောသည်။

No comments: