Wednesday, March 27, 2013

အမေရိကန်တွေ မြန်မာနိုင်ငံထဲ ခရီးသွားလာရေးသတိပေးခံရ

ABC

မြန်မာနိုင်ငံမှာ ​ဖြစ်ပွားနေတဲ့ ​ပဋိပက္ခတွေကြောင့် ​မြန်မာနိုင်ငံထဲမှာရောက်ရှိနေတဲ့ ​အမေရိကန်နိုင်ငံသားတွေအနေနဲ့ ​အသွားအလာ ​သတိထားဖို့အမေရိကန်အစိုးရကသတိပေးလိုက် ​ပါ တယ်။

ပြီးခဲ့တဲ့ ​တနင်္လာနေ့နဲ့ ​အင်္ဂါနေ့တွေမှာ ​ပဲခူးဒေသဖက်မှာ ​မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင်လူမျိုးတွေကြား ​ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပြီး ​ပလီတွေ၊ ​အိမ်တွေမီးရှို့ ​ဖျက်ဆီးခံလိုက်ရတယ် လို့ ​သိရပါတယ်။

အင်္ဂါနေ့ညမှာပဲ ​နောက်ထပ် ​ပလီလုံးမီးရှို့ဖျက်ဆီးခံရကြောင်း၊ ​ရဲတပ်ဖွဲ့နဲ့ ​စစ်တပ်တွေက ​အခြေအနေကို ​ထိန်းသိမ်းဖို့အတွက် ​တညလုံးလုံခြုံရေးစောင့် ​ကြည့်နေရကြောင်း ​နံမည်မဖော်လိုတဲ့ ​ရဲတပ်ဖွဲ့က ​တာဝန်ရှိသူတဦးက ​အေအက်ဖ်ပီ ​သတင်းကိုပြောခဲ့ပါတယ်။

အမေရိကန်သံရုံး ​အင်တာနက်ဝက်ဆိုက်ပေါ်က ​ဖော်ပြထားတဲ့ ​ကြေညာချက်ထဲမှာ ​အမေရိကန်နိုင်ငံသားတွေ ​အနေနဲ့ ​မန္တလေးဒေသဖက် ​ခရီးသွားတာကိုရှောင်ဖို့နဲ့ ​မင်္ဂလာဈေးနဲ့ ​ယူဇန ပ လာဇာ ​အပါအဝင် ​မူဆလင်တွေ ​အများစုနေထိုင်တဲ့ ​ရန်ကုန်မြို့ ​ဒေသတွေကို ​သွားလာတာတွေ ​ရှောင်ဖို့အတွက် ​ပြင်းပြင်းထန်ထန် ​သတိပေးလိုက်ပါတယ်။

တဆက်တည်းမှာပဲ ​အမေရိကန်နိုင်ငံအနေနဲ့ ​ပဋိပက္ခဖြစ်နေတဲ့နေရာတွေက ​လူတွေကိုကူညီဖို့ ​အတွက် ​မြန်မာနိုင်ငံကို ​ဒေါ်လာ ​တသိန်းပေးမယ်လို့ ​လည်းဆိုပါတယ်။

အဲဒီငွေတွေဟာ ​ပဋိပက္ခဖြစ်တဲ့နေရာတွေက ​လူတွေအတွက် ​စောင်တွေ၊ ​ပလပ်စတိတ်အမိုးတွေ၊ ​အရေးပေါ်သောက်သုံးရေးတွေအတွက်သုံးဖို့အပါအဝင် ​သန့်ရှင်းမှုအသုံးဆောင် တွေအ တွက်လည်းအသုံးပြုဖို့ဖြစ်တယ်လို့ ​အမေရိကန်သံရုံးက ​ယာယီပြောခွင့်ရပုဂ္ဂိုလ် ​Patrick ​Ventrell ​ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်နေတဲ့အတွက် ​နိုင်ငံတကာကလည်း ​ပြဿနာကို ​ဖြေရှင်းဖို့ ​မြန်မာအစိုးရကို ​ဖိအားပေးနေကြပါတယ်။

မိတ္ထီလာမြို့ကို ​ကိုယ်တိုင် ​သွားရောက်လည်ပတ်ခဲ့တဲ့ ​ကုလသမဂ္ဂ ​ကိုယ်စားလှယ် ​ဘီဂျေး ​နမ်ဘီးယားက ​မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​ကိစ္စကိုကြည့်ရင် ​မူဆလင်လူမျိုးတွေအပေါ် ​အကွက်ကြ ကြ ​စွမ်းရည်ထက်တဲ့ ​ရက်စက်ကြမ်းကြုတ်မှုမျိုးတွေနဲ့ ​ပစ်မှတ်ထား ​တိုက်ခိုက်နေသလို ​ဖြစ်နေတယ်လို့ ​ပြောလိုက်ပါတယ်။

တဖက်နဲ့တဖက် ​သွေးထိုး ​လှုံ့ဆော်တဲ့ ​ဝါဒဖြန့်မှုတွေနဲ့ ​ပြဿနာပိုမို ​ကြီးထွားအောင် ​လုပ်ဆောင်ခဲ့တာတွေ ​ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

မီတ္ထီလာမြို့မှာရှိတဲ့ ​ခိုလှုံရေးစခန်းမှာ ​နေထိုင်တဲ့ ​ဒုက္ခသည်တွေရဲ့ ​ပြောပြချက်အရ ​ပြဿနာလုပ်နေတဲ့ ​လူတွေဟာ ​ဒေသခံတွေ ​မဟုတ်တဲ့အကြောင်း ​ဘယ်သူ ​ဘယ်ဝါဆိုတာကို ​မသိပဲ ​ပြင်ပက ​လူတွေဖြစ်မယ်လို့ ​ပြောပြခဲ့တယ်လို့ ​ဆိုပါတယ်။

No comments: