Tuesday, March 26, 2013

ဘာသာရေးပဋိပက္ခ ဒီမိုကရေစီပြောင်းလဲရေး ထိခိုက်နိုင်လို့ အစိုးရပြော

ABC

မန်မာအစိုးရက ​နိုင်ငံထဲမှာဖြစ်ပွားနေတဲ့ ​ဘာသာရေး ​ပဋိပက္ခတွေကြောင့် ​တိုင်းပြည်ရဲ့ ​ဒီမိုကရေစီထူထောင်ရေးကို ​ထိခိုက်စေနိုင်တယ်လို့ ​ဆိုပါတယ်။

လက်ရှိ ​မြန်မာနိုင်ငံအလယ်ပိုင်း ​မိထ္တီလာမြို့မှာ ​မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင် ​လူမျိုးတွေကြား ​ဖြစ်ပွားခဲ့တဲ့လူမျိုးရေး ​ဘာသာရေး ​ပဋိပက္ခတွေကြောင့် ​လူသေဆုံးမှုတွေ၊ ​ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ​အိုးအိမ်မဲ့တွေဖြစ်ခဲ့ရပါတယ်။

ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​အကြမ်းဖက်မှုတွေရပ်တန့်သွားအောင် ​အစိုးရက ​အစွမ်းကုန်လုပ်ဆောင်သွားဖို့ ​အာမခံကြောင်း ​အစိုးရက ​တနင်္လာနေ့ည ​မြန်မာအစိုးရ ​ရုပ်မြင်သံကြား ​ကနေတဆင့် ​ကြေညာချက် ​ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ​တိုးတက်ဖွံ့ဖြိုးမှုကို ​ထိခိုက်နိုင်ငံတဲ့ ​ဘာသာရေး ​တဖက်စွန်းရောက် ​အကြမ်းဖက်မှုတွေကို ​ရှောင်ရှားဖို့ကိုလည်း ​အစိုးရက ​ကြေညာချက်က ​နေတဆင့် ​တိုက်တွန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ ​ပဋိပက္ခဖြစ်ပွားတာတွေကို ​ကာကွယ်ဖို့အတွက် ​လက်ရှိ ​ရန်ကုန် ​မြို့နယ် ​လေးခုမှာ ​ဒေသန္တရ ​အမိန့်တွေ ​ထုတ်ပြန်ထားပြီး ​အဲဒီဒေသထဲမှာရှိတဲ့ဈေးဆိုင်တွေကို ​ည ​၉ ​နာရီကနေ ​မနက် ​၅ ​နာရီထိ ​ဖွင့်လှစ်မရောင်းချရ ​အမိန့်တွေထုတ်ပြန်ထားတယ်လို့သိရပါတယ်။

No comments: