Tuesday, March 26, 2013

တောင်ကုတ်မြို့မှ နိုင်ငံရေး ပါတီ၊ လူမူ အဖွဲ့အစည်းများအား သက်ဆိုင်ရာမှ အစည်းအဝေးခေါ်ယူ

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများနှင့် မြို့မိ မြို့ဖ များအား ယနေ့တွင် သက်ဆိုင်ရာ မြို့နယ် မယက ရုံးမှ အရေးပေါ် အစည်းအဝေး ခေါ်ယူထားကြောင်း သတင်း ရရှိသည်။

“ အစည်းအဝေးက တစ်နာရီမှာ စမှာ ဖြစ်ပါတယ်။ ဘာကြောင့် ခေါ်သလဲဆိုတာတော့ မသိရသေးဘူး။ တစ်ခုခု အရေးကြီးတဲ့ အတွက် ခေါ်တာ ဖြစ်နိုင်တယ်လို့တော့ ယူဆပါတယ်” ဟု တောင်ကုတ်မြို့နယ်မှ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမင်းအောင်က ပြောသည်။

ယခင်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများအား အစည်းအဝေး ခေါ်ယူခဲ့ခြင်း မရှိသဖြင့် ယခု အစည်းအဝေး ခေါ်ယူမှာ ထူးခြားမူ တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

“ ဒီလိုမျိုး ကျွန်တော်တို့ကို ရှင်းပြစရာ ရှိတယ်ဆိုပြီး အစည်းအဝေးခေါ်တာက အရင်က တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် ထူးခြားတယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ နေပူတောင်ကနေ ကျောက်ထုတ်နေတာနဲ့ ပတ်သက်ပြီး ရှင်လင်း ဖို့ ခေါ်တယ်လို့ ထင်တယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အစည်းအဝေးလုပ်မှဘဲ သိရမယ်” ဟု သူက ဆိုသည်။

အစည်းအဝေး ခေါ်ယူမူနှင့် ပတ်သက်ပြီး လူအများ စိတ်ဝင်စားနေကြပြီး နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများ အပေါ် ဒေသ အာဏာပိုင်များက အသိအမှတ်ပြုမူ တစ်ရပ်ဟုလည်း အများက ထင်မြင်နေကြသည်ဟု ဆိုသည်။

No comments: