မိုးဇော်
ရခိုင်ပြည်အစိုးရမှ နည်းစည်းမခြား ဆရာဝန်များအသင်း (MSF) ကို ရခိုင်ပြည်တွင် ယခင်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လုပ်ကိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကို ရခိုင်တိုင်းရင်းသားများက လုံဝလက်မခံကြောင်း သိရသည်။
ရခိုင်ပြည်အစိုးရမှ ဇူလိုင်လ ၂၃ ရက် နေ့စွဲဖြင့် နယ်စည်းမခြားဆရာဝန်များအသင်း (MSF) အဖွဲ့ကို ရခိုင်ပြည်ရှိ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရခိုင်ပြည်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ယခင်ကအတိုင်း ပြန်လည်ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်စာတစ်စောင်ကို နိုင်ငံပိုင်မီဒီယာများတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်အပါအ၀င် ယခု မြေပုံမြို့တွင် မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေ ၁၉၈၂ ခု ဥပဒေကို အကောင်းအထည်နေခြင်းကို ရပ်တန့်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်နေ့က စစ်တွေမြို့ စေတနာမိုးခန်းမတွင် ရဟန်းသင်္ဃာတော်များ၊ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများနှင့် သတီးပုဂလများ စသည်တို့က အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြပြီး MSF အဖွဲ့ကို အစိုးရက ပြန်လည်ဖိတ်ခေါ်သော်လည်း လုံးဝလက်မခံကြောင်းနှင့် ၁၉၈၂ ခု ဥပဒေ အကောင်အထည်ဖော်မှု ရပ်တန့်နေခြင်းကို ဆက်လက်ဆောင်ရွက်ပေးရန် ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ကြသည်။
စစ်တွေမြို့မိမြို့ဖအဖွဲ့ ဒုတိယဥက္ကဌ ဦးသာပွင့်က " MSF နဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကလည်း သမ္မတကြီးကို နှင်ထုတ်ပေးပါဆိုပြီး စာတင်တယ်။ ပြည်နယ်အနေနဲ့လည်း နှင်ထုတ်ထားတယ်။ အခု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်သူတွေရဲ့ ဆန္ဒသဘောတူညီ၊ ရယူချက်မရှိဘဲနဲ့ ဖိတ်ကြားတာကို ရခိုင်ပြည်သူလုထုအနေနဲ့ သဘောမတူပါဘူး။ လုံးဝလည်းလက်မခံဘူး။ " ဟု Arakan Times သို့ ပြောကြားသည်။
ယခုလို ဖိတ်ခေါ်ခြင်းသည် ရခိုင်ပြည်အစိုးရမှာ ဗဟိုအစိုးရက ညွှန်ကြားချက်နှင့်သာ သက်ဆိုင်ပြီး ရခိုင်ပြည်သူလုထုများနှင့် မသက်ဆိုင်ကြောင်း၊ ရခိုင်ပြည်သူများ ယခုလိုကန့်ကွက်ခြင်းမှာ UN/INGO များအားလုံးကို ဆိုလိုခြင်းမဟုတ်ဘဲ MSF အဖွဲ့တစ်ခုကိုသာ ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
" MSF ကို အရင်ကလည်း နှင်ထုတ်ခဲ့ပြီးပါပြီ။ ဒီဟာကိုတော့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကိုအလေးမထားဘဲ သွင်းလာရင်တော့ ပြဿနာဖြစ်တာတွေ၊ တကယ်လို့ တခုခု ဖြစ်လာခဲ့ရင် ကျနော်တို့ ရခိုင်ပြည်သူလူထုနဲ့ မဆိုင်ဘူး။ ရခိုင်ပြည်အစိုးရနဲ့ MSF မှာပဲ တာဝန်ရှိပါတယ်။ " ဟု ဦးသာပွင့်က ဆိုသည်။
ရခိုင်ပြည်သူများအနေဖြင့် ယခုလို လက်မခံခြင်းအကြောင်းကို စာတမ်းပြုစုကာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ သမ္မတအထိ လာမည့် နှစ်ရက်သုံးရက်အတွင်းမှာ တင်ပြသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ဆိုသည်။
ဆက်လက်ပြီး မြေပုံမြို့တွင် ဇွန်လ ၅ ရက်ကနေ စတင်အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံသားဖြစ်ခွင့် ၁၉၈၂ ဥပဒေနှင့်အညီ ဘင်္ဂလီများအား စစ်ဆေးနေခြင်းကို ယခုရပ်တန့်ထားသည့်အတွက် ရခိုင်ပြည်သူများက မည်သည့်အတွက်ကြောင့်ရပ်တန့်ရကြောင်းနှင့် စစ်တွေမြို့အပါအ၀င် အခြားမြို့များရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ဘင်္ဂလီများအား ဆက်လက် စစ်ဆေးပေးရန်နှင့် နိုင်ငံသားဖြစ်သူနှင့် မဖြစ်သေးတဲ့သူတို့ကို မည်သို့ ဆောင်ရွက်သွားမည် စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
" ဘယ်မှာထားမလဲ၊ ဘယ်လိုအစီအစဉ်နဲ့လုပ်မလဲ၊ ကျနော်တို့ ပထမ နားလည်ထားတာက နိုင်ငံသား စိစစ်ပြီးမှ နိုင်ငံသားရသင့်တဲ့ ကုလားတွေကို နေရာချထားမယ်။ နိုင်ငံသားမရသေးတဲ့သူတွေကိုတော့ သူတို့ တစ်စုံတစ်ရာ လုပ်ပေးရမယ်။ အတူတူထားမယ်ဆိုရင်တော့ ဘာလို့စစ်နေမှာလဲ။ အခုက မြေပုံမှာ လူသုံးထောင်မှာ တစ်ထောင်ပဲ တစ်လကျော်စစ်တယ်။ ရခိုင်ပြည်မှာ တစ်သန်းကို ဘယ်တော့ပြီးမလဲ။ ဆိုတော့ အဲဒီလိုပြီးတော့မှ လုပ်မလား၊ ပြီးတော့မှဆိုရင် နောက် ဆယ်နှစ်နဲ့ ပြီးမလား၊ မပြီးရင် ကုလားတွေကို ဘယ်လိုနေရာချထားပေးမလဲ။ " ဟု ဦးသာပွင့်က ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးလည်း စာတမ်းပြုစုကာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ သမ္မတအထိ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် MSF ကို ရခိုင်ပြည်တွင် လုံးဝလက်မခံသည့် အကြောင်းနှင့်လည်း ကန့်ကွက်စာတင်ပြသွားမည်ဖြစ်သည့်အတွက် ထိုအစည်းအဝေးမှ သံဃာတော် ၂ ပါးအပါအ၀င် လူပုဂိုလ် ၉ ဦး ပေါင်း ၁၁ ဦးပါဝင်သည့် စာတမ်းကော်မတီတစ်ရပ်ကို အဖွဲ့စည်းခဲ့ကြောင်း သိရသည်။
နယ်စည်းမခြား ဆရာဝန်များအသင်း (MSF)အဖွဲ့မှာ ရခိုင်ပြည်တွင် ကျန်းမာရေးကူညီစောင့်ရှောက်မှုများလုပ်ဆောင်ရာတွင် တစ်ဖက်နိုင်ငံက ခိုးဝင်လာသည့် ဘင်္ဂလီများကို အဓိကဦးစားပေး ကူညီဆောင်ရွက်ပြီး ဒေသခံ ရတိုင်းရင်းသားများကို နောက်လှည့်ထားကာ တစ်ဖက်သက် ကူညီဆောင်ရွက်မှု၊ ဘက်လိုက်မှုများရှိသည့်အတွက် ရခိုင်ပြည်သူလူထုက အပြီးအပိုင်ထွက်ခွာပေးဖို့ တောင်းဆိုခဲ့မှုအပေါ် ပြည်နယ်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလက MSF ၏ ရခိုင်ပြည်တွင်း လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ၅ လ ကျော်သာကြာမြင့်ခဲ့ပြီး ယခုလို MSF အဖွဲ့ကို ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်သူများကို မတိုင်ပင်ဘဲ အလွယ်တကူလက်ခံလိုက်ခြင်းသည် ရခိုင်တမျိုးသားလုံးကို မလေးစားရာရောက်ကြောင်း ရခိုင်တိုင်းရင်းသားများက ပြောဆိုနေကြသည်။
No comments:
Post a Comment