Wednesday, July 30, 2014

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ

စိမ့်စမ်းရေ

မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်မှုရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လျက်ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဇူလိုင်လ၂၈ ရက် ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းမှုကြောင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုး ထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ယင်း ထုတ်ပြန်ချက်အရ သိရသည်။

“လေဖိအားနည်းရပ်ဝန်းက မနေ့ကစဖြစ်တာ။အဲဒါကြောင့် ထူးထူးခြားခြားဖြစ်နိုင်တာ မရှိပါဘူး။ မိုးကောင်းတာက မုတ်သုံလေအားကောင်းလို့ပါ”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေအား ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အသင့်တင့်ဖြစ်ပေါ်နေသည်။

No comments: