Tuesday, July 29, 2014

ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ

ABC

မြန်မာနိုင်ငံဆိုင်ရာ ​အမေရိကန် ​သံအမတ် ​ဒဲရစ်မစ်ချယ်လ် ​(Derek ​Mitchell)နဲ့ ​သံတမန် ​အဖွဲ့တွေဟာ ​ဇူလိုင်လ ​(၂၇) ​ရက်နေ့က ​ရခိုင်ပြည်နယ် ​စစ်တွေမြို့ကို ​သွားရောက်ခဲ့ပြီး ​ရခိုင် ​ဒုက္ခသည်တွေနဲ့ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

အဆိုပါ ​သံတမန် ​အဖွဲ့ဟာ ​မြန်မာ ​အစိုးရ ​၀န်ကြီးတွေနဲ့ ​စစ်တွေမြို့ ​စက်ရုံစု ​(၃) ​မှာရှိတဲ့ ​ရခိုင် ​ဒုက္ခသည် ​တွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​စခန်း ​အတွင်း ​စားဝတ်နေရေး၊ ​ကျန်းမာရေး ​ကိစ္စတွေနဲ့ ​ပတ်သက်ပြီး ​ဘယ်လို ​အခက်အခဲ ​ရှိတယ် ​ဆိုတာကို ​မေးမြန်း ​ခဲ့သလို ​သူတို့ ​အနေနဲ့ ​အ ​တတ် ​နိုင် ​ဆုံး ​ဆောင် ​ရွက် ​ပေး ​မယ်လို့ ​ပြောကြားခဲ့ ​ကြောင်း ​စက်ရုံစု ​အကွက် ​(၃) ​က ​ဒုက္ခသည် ​တစ်ဦးက ​ပြောပါတယ်။

စက်ရုံစု ​အကွက် ​(၃) ​က ​ဒုက္ခသည်တွေမှာ ​အခုချိန်ထိ ​လိုင်းခန်း ​မရသေးတဲ့ ​အတွက် ​ယာယီ ​အဆောက်အဦး ​တွေနဲ့သာ ​နေထိုင် ​နေရတယ်လို့ ​ဆိုပါတယ်။

သံအမတ် ​အဖွဲ့ဟာ ​စစ်တွေမြို့က ​သက္ကေပြင် ​ကျေးရွာမှာရှိတဲ့ ​မွတ်စလင် ​ဒုက္ခသည် ​စခန်းက ​ဒုက္ခသည်တွေအပြင် ​သဲချောင်းကျေးရွာမှာရှိတဲ့ ​ရခိုင် ​တိုင်းရင်းသား ​တွေကိုပါတွေ့ဆုံခဲ့သလို ​၀ါဘို ​ရခိုင် ​ကျေးရွာမှာ ​ရှိတဲ့ ​ရက္ကန်း ​လုပ်ငန်းတွေကိုပါ ​လေ့လာခဲ့တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ ​ဆိုင်ရာ ​အမေရိကန် ​သံအမတ် ​ဒဲရစ်မစ်ချယ်လ် ​နဲ့ ​သံတမန်အဖွဲ့ဟာ ​ဇူလိုင်လ ​(၂၇) ​နဲ့ ​(၂၈) ​ရက်နေ့အထိ ​ရခိုင်ပြည်နယ်က ​လက်ရှိ ​အခြေအနေ ​တွေကို ​လေ့လာခဲ့တာ ​ဖြစ်တယ်လို့ ​အမေရိကန် ​သံရုံး ​(ရန်ကုန်) ​ရဲ့ ​လူမှုကွန်ယက် ​စာမျက်နှာမှာ ​သတင်းထုတ် ​ပြန်ထားတာကို ​တွေ့ရပါတယ်။

တဆက်တည်းမှာပဲ ​မကြာခင်က ​ရခိုင်ပြည်နယ် ​အစိုးရအဖွဲ့က ​ပြန်လက် ​ခံလိုက်တဲ့ ​နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့(MSF)နဲ့ ​လုပ်ငန်းတွေ ​ဆောင်ရွက်ဖို့ ​အရေးပေါ် ​ညှိနှိုင်းရေးစင်တာ ​(ECC)နဲ့ ​ဆွေးနွေး ​သွားမယ်လို့ ​နိုင်ငံတော် ​သမ္မတရုံးက ​ပြည်ထောင်စုဝန်ကြီး ​ဦးစိုးသိန်းက ​ပြောပါတယ်။

MSF ​အနေနဲ့ကတော့ ​အဲ့ဒီလို ​ကြိုဆိုမှုအပေါ် ​စောင့်ကြည့်ရအုံးမှာ ​ဖြစ်တယ်လို့ ​ဇူလိုင် ​(၂၅) ​ရက်နေ့က ​MSF ​ရဲ့ ​ထုတ်ပြန်ချက်မှာ ​ဖော်ပြထားတယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: