Tuesday, July 29, 2014

ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင် တိုက်ရာမှ နယ်ခြားစောင့်တပ်တဦး သေဆုံး

ဆန်းဖြိုးထွန်း

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အုပ်စု အောင်မင်္ဂလာရပ်ကွက် ဒီးမော့ဆိုမြို့ - လွိုင်ကော် ကားလမ်းပေါ် ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ယာဉ်တိုက်မှုတွင် သေဆုံးသွားသူသည် နယ်ခြားစောင့်အမှတ် ၁၀၀၄ တပ်မှ ဦးမောင်ထန်ဖြစ်ကြောင်း မှတ်ပုံတင်မှ အချက်အလက်အရ သိရသည်ဟု ယဉ်တိုက်မှုဖြစ်ပွားစဉ် သတင်းသွားယူသည့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက်က ပြောသည်။

၂၅.၇.၂၀၁၄ ရက်နေ့ နေ့လည် (၁၅း၃၀) နာရီချိန်တွင် မိုင်တိုင်အမှတ်( ၁၁၂/၂ )နှင့် (၁၁၂/၃) အကြားတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင်တိုက်မိရာတွင် တစ်ဦးတည်း မောင်းနှင်လာသေား ဦးမောင်ထန် (၃၅)နှစ် မယ်စဲ့မြို့၊ ပန်တိန်းကျေးရွာနေသူမှာ ယာ မျက်လုံးအောက် ပေါက်ပြဲသွေးထွက်ဒဏ်ရာ တစ်ခု ဦးခေါင်းယာဘက်ထိပ်တွင် ပေါက်ပြဲသွေးထွက် ဒဏ်ရာတစ်ခုရရှိကာ လွိုင်ကော်ဆေးရုံ သို့ပို့ဆောင်စဉ် လမ်းခရီး၌ပင် သေဆုံးသွားခဲ့သည်။

လွိုင်ကော်မြို့ဘက်မှ ဆိုင်ကယ်တစီးတည်းတွင် လူသုံးဦးစီးလာကြပြီး ၎င်းတို့မှာ ပန်ကန်းအုပ်စု၊ ထူဒူငံသရပ်ကွက်တွင် နေထိုင်ကြသည့် အသက် ၃၅ နှစ်အရွယ် ဦးစောဘွားဒီ၊ မောင်သာဒီကု (ခ) စနေထူး (၃၁) နှစ် (ဘ)ဦးအာအီ၊ နှင့် မောင်စောဘာလဲထူး (၃၉)နှစ် (ဘ)ဦးဖိုးထိထိတို့ ဖြစ်ကြသည်။

တဖက်တွင် လွိုင်ကော်မြို့သို့တက်လာသည့် ဦးမောင်ထန်(၃၅)နှစ်(ဘ)ဦးလား မဲစဲ့မြို့ ၊ပန်တိန်း ကျေးရွာနေသူ နှင့် တိုက်မိကြရာ ယာမျက်လုံးအောက် ပေါက်ပြဲသွေးထွက်ဒဏ်ရာ တစ်ခု ဦးခေါင်းယာဘက်ထိပ်တွင် ပေါက်ပြဲသွေးထွက် ဒဏ်ရာတစ်ခု ရရှိကာလွိုင်ကော်ဆေးရုံ သို့ပို့ဆောင်စဉ် လမ်းခရီး၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှ သိရခြင်းဖြစ်သည်။

ဦးစောဘွားဒီမှာ ယာဘက်နဖူး ဖူးရောင်ဒဏ်ရာ ယာဘက်ပါး၊ လည်ပင်း၊ ဝဲ/ယာဒူး၊ မှေးစေ့အောက် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး သတိမေ့လျှက် စိုးရိမ်ရပြီး၊ မောင်သာဒိကု (ခ)စနေထူးတွင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ခု နှာခေါင်း၊ အောက်နုတ်ခမ်း ပေါက်ပြဲဒဏ်ရာတို့ဖြင့် သတိမေ့လျှက် စိုးရိမ်ရကာ လွိုင်ကော်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပြီး ဦး စေားဘာလဲထူးမှာ နှာခေါင်းပေါက်ပြဲဒဏ်ရာ တစ်ခု ဝဲဘက်မျက်ခုံး ပွန်းပဲ့ဒဏ်ရာ တစ်ခုတို့ ရရှိခဲ့ပြီး ဒီးမော့ဆိုဆေးရုံတွင် ပြင်ပ လူနာအဖြစ် ဆေးကုသနေကာ မစိုးရိမ်ရကြောင်း သိရသည်။

ဆိုင်ကယ်နှစ်စီးမှာ အခင်းဖြစ်ပွားရာနေရာတွင် မျက်နှာချင်း တိုက်မိသေားကြောင့် အရှေ့ပိုင်များပျက်စီးသွားပြီး လိုင်စင်များကို စီစစ်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများမှ ပြောကြားထားသည်။

ယဉ်တိုက်မှု ဖြစ်ပွားရာတွင် အရှိန်ဖြင့် ဆိုင်ကယ်အား မဆင်မခြင် မောင်နှင်သောသူ ဦးစောဘွာဒီး (၃၅) နှစ် (ဘ) ဦးချစ်မောင်၊ (လယ်ယာလုပ်သူ) လွိုင်ကော်မြို့ ပန်ကန်းအုပ်စု၊ ထူဒူငံသ ရပ်ကွက် နေသူအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် နောင်စိုးမှ တရာလိုပြုလုပ် တိုင်ကြားထားပြီ ဒီမော့ဆိုမြို့နယ် မြို့မရဲစခန်း ယဉ်(ပ) ၁၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က၊၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဇူလိုင်လ ၅ ရက်နေ့တွင်လည်း လွိုင်ကော် - မိုးဗြဲ လမ်းပေါ်တွင် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်ရာမှ အသက် ၁၄ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသည့် အမှုဖြစ်ပွားခဲ့သည်။

No comments: