ထက်ထက်အောင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊မြောက်ဘက်ခြမ်းရှိ ရွှေမြယာ အဆင့်မြင့်အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ဇန်နဝါရီ ၂၇ ရက်က ရန်ကုန် မြို့တော် စည်ပင်ရုံးတွင် မဲနှိုက်ရောင်းချခဲ့သည်။
ယင်းတိုက်ခန်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန အဆောက်အအုံမှ အငယ်တန်း အင်ဂျင်နီယာ (၂) ဒေါ်တင်တင်စိုးက''မဲနှိုက်ရာမှာလည်း အားလုံး ပွင့်လင်းမြင်သာမှုရှိအောင် ဝယ်ယူသူတွေကိုပါ ပါဝင်စေခဲ့ပါတယ်'' ဟု ဆိုသည်။
အဆိုပါ အဆင့်မြင့်အိမ်ရာစီမံကိန်းရှိတွင် အဆင့်မြင့်တိုက်ခန်း ၇၆ ခန်းပါရှိပြီး ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်သည့်အတွက် တိုက်ခန်းများကို လက်ရှိဈေးကွက် ပေါက်ဈေးနှုန်းအတိုင်း ကြိုတင်ရောင်းချခြင်း ဖြစ်သည်။
ရွှေမြယာ အဆင့်မြင့်အိမ်ရာ စီမံကိန်းရှိ အဆောက်အအုံ-အေ(Building A) သည် ဓာတ်လှေကား နှစ်စင်း ပါဝင်သည့် ရှစ်ထပ် အဆောက်အအုံဖြစ်ပြီး ပထမထပ်မှ သတ္တမထပ်အထိ ၂,၂ဝ၃ စတုန်းရန်းပေရှိသည့် အခန်း ၂၈ ခန်း ပါဝင်သည်။ ရောင်းဈေးမှာ ကျပ် ၂,၆၄၃ ဒသမ ၆ သိန်းဖြစ် သည်။ အဆောက်အအုံ-ဘီ (Building B) သည် ဓာတ်လှေကားနှစ်စင်းပါဝင်သည့် ကိုးထပ် အဆောက်အအုံဖြစ်ပြီး ၂,၆၈၃ စတုန်းရန်း ပေရှိသည့် အခန်း ၄၈ ခန်း ပါဝင်မည် ဖြစ်သည်။ ရောင်းဈေးမှာ ကျပ် ၃,၂၂ဝ ဒသမ ၂ သိန်းဖြစ်သည်။
တိုက်ခန်းများ ဝယ်ယူခွင့်ရရှိသူသည် မဲပေါက်သည့်နေ့မှ တစ်လအတွင်း တိုက်ခန်းတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန် ၄၅ ရာခိုင်နှုန်းကို ခြောက်လအတွင်း အရစ်ကျပေးသွင်းရမည်ဖြစ်ကာ နောက်ဆုံးကျန်ရှိသော ငါးရာခိုင်နှုန်းကို တိုက်ခန်း လွှဲအပ်သည့်နေ့ ငွေအကျေ ပေးသွင်း ရမည် ဖြစ်သည်။
ငွေအကျေပေးသွင်းခြင်းမရှိပါက အခြားဝယ်သူတစ်ဦးသို့ ပြန်လည် ရောင်းချမည်ဖြစ်သည်။
တိုက်ခန်းများသည် ဓာတ်လှေကား ပါဝင်သည့်အတွက် သတ်မှတ်ဈေးနှုန်းတူညီမည်ဖြစ်ကာ အထပ်အနိမ့် အမြင့်အလိုက် ရွေးချယ်မှု မပြုဘဲ မဲပေါက်သည့် တိုက်ခန်းကိုသာ ဝယ်ယူခွင့်ရရှိမည်။ အမှန်တကယ် နေ ထိုင်သူကိုသာ ရောင်းချမည်ဟု ယင်းတိုက်ခန်းများ ရောင်းချရန်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။
ယင်းတိုက်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်နှင့် ငပလီဆောက်လုပ်ရေးတို့က အကျိုးအမြတ် ၅ဝ ရာခိုင် နှုန်းစီဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
No comments:
Post a Comment