Thursday, November 10, 2016

မြန်မာ့ရေပိုင်နက်ကိုဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးဖမ်းမိ

dvb


မြန်မာရေပိုင်နက်အတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေတစ်စင်းပေါ်မှာ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အလယ်သံကျော်ကျေးရွာရဲ့ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ မသင်္ကာဖွယ် စက်လှေတစ်စင်းအားတွေ့ရှိလို့ တပ်မတော်(ရေ)မှ သွားရောက်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းစက်လှေတစ်စင်းအားတွေ့ရှိခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသူ ၆ ဦးကို အားဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူတွေကို စစ်ဆေးဆောင်ရွက်နိုင်ဖို့ အလယ်သံကျော်နယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ်လို့သိရပါတယ်။

No comments: