Friday, November 11, 2016

ရွေးကောက်ပွဲတွင် အနိုင်ရသည့် ဒေါ်နယ်ထရန့်အား ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားပြော

စီအင်န်အေ

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရန့်အား နိုဝင်ဘာ ၉ ရက်က ဂုဏ်ပြုလွှာပေးပို့ခဲ့သည်။

“သင့်အနေနဲ့ သင့်၏ နိုင်ငံတော်ကြီးကို အနာဂတ်၌ ဦးဆောင်ရာတွင် အမေရိကန်နိုင်ငံအတွင်းသာမက ပြင်ပတွင်ပါ အမေရိကန်ပြည်သူများ၏ စိတ်ဆန္ဒလှုံ့ဆော်မှုများအရ တိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုများကို ဖော်ဆောင်လိမ့်မည်ဟု ကျွန်မအနေနဲ့ ယုံကြည်မှု ရှိပါသည်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်အကျိုးစီးပွားနှင့် ဆက်ဆံရေးတိုးတက်မှုများအတွက် မြန်မာပြည်သူများကလည်း ကျေနပ်ပျော်ရွှင်ကြသဖြင့် ထရန့်နှင့်အတူ နှစ်နိုင်ငံကြား တည်ရှိဆဲရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ပြုမှုများကို ဆတက်ထမ်းပိုး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ရေးသားထားသည်။

No comments: