Tuesday, November 1, 2016

သျှမ်းအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ဆွစ်ဇာလန် ဖက်ဒရယ်စနစ်ကို လေ့လာ

စိုင်းအောင်ဆိုင်း


သျှမ်းအင်အားစုများဖြစ်သည့် သျှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းမှ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် ဖက်ဒရယ်ပြည်ထောင်စု စနစ် လေ့လာရန်အတွက် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

သျှမ်းလက်နက်ကိုင်များအပြင် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ခူးဦးရယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စတိုင်းဘတ် တက္ကသိုလ်တွင် သွားရောက်လေ့လာခဲ့သည်။

ယင်းအပြင် ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီရုံးနှင့် ဆွစ်အစိုးရ အပါဝင် ပါလီမန်တာဝန်ရှိသူများ နှင့်လည်း တွေ့ဆုံရန် ရှိနေသည်ဟု သိရသည်။

SSPP/SSA မှ ဗဟိုကော်မတီဝင် ဗိုလ်မှူး စိုင်းဘထွန်းပါဝင်သည့် သျှမ်းအင်အားစုများပါဝင်သော တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်လေ့လာမှုမှာ သျှမ်းအင်အားစု များထဲမှ ဒုတိယ အကြိမ်မြောက်သွားရောက်လေ့လာမှုဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် အဖွဲ့မှာ ဆွစ်ဇာလန်သို့ သွားရောက်လေ့လာခဲ့ဖူးသည်။

ဆွစ်ဇာလန်၏ ဖက်ဒရယ်စနစ်မှာ အချိုးညီဖက်ဒရယ်စနစ်ဖြစ်ပြီး ကမ္ဘာတွင် တန်းတူညီမျှမှု အရှိဆုံး ဖက်ဒရယ်စနစ်ဟု ဆိုကြကာ တိုက်ရိုက်ဒီမိုကရေစီ စနစ်ကိုလည်း ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

No comments: