Wednesday, November 9, 2016

မောင်တောတွင် အကြမ်းဖက်သမားများအား ရိက္ခာနှင့် ငွေကြေးထောက်ပံ့သူ ၂ ဦး ဖမ်းမိ

dvb


မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေသူ ၂ ဦးကို ဖမ်းဆီးရမိလိုက်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေထဲက တချို့သောသူတွေဟာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ ၀င်ရောက်စစ်ဆေးရှာဖွေရာ မနေ့က မွန်းလွဲ ၁ နာရီမှာ အဲဒီစခန်းနေ ဖေမာမောက်နဲ့ ရှော်ရှီတာမောက်တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ ၂ ဦးကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းကို စနစ်တကျ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

No comments: