Tuesday, November 15, 2016

တရုတ်အဝယ်မလိုက်သဖြင့်သျှမ်း/ မြောက်ကဖရဲသီးတောင်သူအရှုံးပေါ်စီးပွါးရေးအခက်တွေ့

ဟွမ်ဟိန်း


ယခုနှစ်အတွင်းတရုတ်နိုင်ငံမှဖရဲသီးဝယ်လိုအားကျဆင်းသဖြင့်သျှမ်းပြည်မြောက်ပိုင်းမှဖရဲသီးစိုက် တောင်သူများအရှုံးပေါ်ကာစီးပွါးရေးအခက်တွေ့နေကြောင်းသိန္နီမြို့မှဒေသခံများကပြောသည် ။

သျှမ်းပြည်မြောက်ပိုင်းသိန္နီ၊လားရှိုး၊မိုင်းရယ်၊တန့်ယန်း၊ကျောက်မဲ၊နောင်ချိုဘက်မှတရုတ်မျိုးစေ့ ဖရဲသီးစိုက်တောင်သူများမှာတရုတ်ဘက် မှဈေးနှိမ်ဝယ် ယူခြင်း၊ ၀ယ်ယူမှုကျဆင်းခြင်းတို့ကြောင့် ယခုနှစ်အခက်တွေ့နေကြခြင်းဖြစ် သည် ။

“မနှစ်ကတော့တန်နဲ့ဝယ်တယ်။ဖရဲသီး၁တန်ဆိုရင်တရုတ်ယွမ်ငွေ ၂၀၀၀။ ကား ၁ စီးဆိုရင် ဖရဲသီး ၁၄ တန် တင်တယ်လေ။ပုပ်တဲ့ဟာတွေဖယ်ရင် ၁၂တန်လောက်တော့ကျန်တယ်။ ဆိုတော့ကား တစီး၂၄၀၀၀ ယွမ်ရတယ်။ ဒီနှစ်ကတော့ ဟိုဘက်ကသိပ်မဝယ်တော့ဘူး။ ဈေးလဲအရမ်းပေါတယ်။ အဲ့ကြောင့် တန်နဲ့မဝယ်တော့ဘူး။ ကားအစီးလိုက်ဘဲဝယ်တာ။ တစီးယွမ်ငွေ ၈၀၀၀ ဘဲရောင်းရတယ်။ ကျယ်ဂေါင်အထိသွားရောင်းရတယ်လေ” – ဟု ဖရဲခြံပိုင်ရှင် နန်းခမ်းလီကပြောသည် ။

အောက်တိုဘာလနှောင်းပိုင်းကဖရဲသီးများကိုဘီအီးကားကြီးများဖြင့်တရုတ်နယ်စပ်ကျယ်ဂေါင်သို့တင် ရောင်းရာဖရဲသီးဈေးမှာတစီးယွမ်ငွေ၈၀၀၀မှ၄၀၀၀သို့ထိုးကျသွားကြောင်း၊တင်ခမှာလည်းတစီး ၅ သိန်းပေးရကြောင်း၊အလုပ်သမားခဂိတ်ကြေးတို့နှုတ်ပါကအမြတ်အစွန်းလုံးဝမရှိကြောင်းဖရဲသီးကုန်သည်နန်းအေးဆိုင်ကလည်းပြောသည် ။

“ထော်လဂျီ ခတို့လုပ်အားခတို့ပါတွက်ရင်ဘာမှမကျန်ဘူး။ အရှုံးတောင်ပေါ်တယ်။ အဲ့ကြောင့် တချို့ ဆိုရင်အခုလားရှိးသီပေါမြို့နယ်တွေ ထဲမှာ ဆိုရင်ဖရဲသီးကိုအခင်းထဲမှာဘဲပစ်ထား တော့တယ်။”

တရုတ်ကိုရောင်းချသည့်ဖရဲသီးများမှာတလုံးပျှမ်းမျှအလေးချိန် ၅ ပိဿာခန့်ရှိပါသည်။ တတန်လျှင် ပိဿာချိန် ၆၀၀ ကျော် ရှိသည် ။

No comments: