Tuesday, November 15, 2016

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပ

ကိုအောင်

အောက်တိုဘာ ၉ ရက်နေ့ကစပြီး ညနေ ၇ နာရီက မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ဘူးသီးတောင်မြို့မှာ တန်ဆောင်တိုင်ပွဲတော် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ကျင်းပရာ သံဃာတော်အပါး ၁၅၀ နီးပါး အလှူခံကြွရောက်ခဲ့ပါတယ်။

မြို့ပေါ်ကပြည်သူတွေ စီစဉ်ကျင်းပတာဖြစ်ပြီး လတ်တလောအခြေအနေအရ စိုးရိမ်မှုတွေ လျော့ပါးစေလိုတဲ့အတွက် အတီးအမှုတ် အကအခုန်နဲ့တွေပါ ထည့်သွင်းပြီး ပျော်ရွှင်စရာဖြစ်စေဖို့ ကျင်းပရတာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ မောင်တော တိုက်ခိုက်ခံရမှုအပြီး နောက်ပိုင်းမှာ မောင်တောခရိုင်တခုလုံးကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။

ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ခိုက်ခံရတာ မရှိပေမယ့် မောင်တောမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့အတွက် လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး မသင်္ကာဖွယ် စောင့်ကြည့် စစ်ဆေးတာနဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်တရားခံ ရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။

No comments: