Monday, November 14, 2016

မောင်တောနယ်မှ Ma Swe Zin အကောင့်ပိုင်ရှင် အဖမ်းခံရ

နိရဉ္စရာ၊


လူမှုကွန်ရက်စာမျက်နာပေါ်တွင် ဖေ့စ်ဘွတ်ခ် အကောင့် Ma Swe Zin (မဆွေဇင်) အမည်ဖြင့် အသုံးပြုသူ ဘင်္ဂလီ လူငယ် နှစ်ဦးအား လုံခြုံရေး ပူးပေါင်း အဖွဲ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်သည်။

၎င်းလူငယ်နှစ်ဦး ဖြစ်ကြသည့် ရော်ဟီးမူလာ(ဘ) နော်ဇီရာမောက်နှင့် ညီဖြစ်သူ အာမန်အူလာတို့သည် Ma Swe Zin အကောင့်အမည်ဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို အကြည်အညိုပျက်စေမည့် မဟုတ်မမှန် သတင်းများကို လွှင့်တင်နေသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကကပြည်မှ သတင်း ဖော်ပြသည်။

မောင်တောမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းဘင်္ဂလီလူငယ်နှစ်ဦးမှာ မောင်တောမြို့နယ်ဘဂုံးနားကျေးရွာမှ ဖြစ်ကြပြီး ယခုအခါ ဥပဒေနှင့် အညီ အမှုစွဲတင်ရန် စီစဉ်နေကြောင်း ပြောကြားသည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့မှ ဘဂုံးနားကျေးရွာသို့ သတင်းအရ နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ၀င်ရောက် ရှင်းလင်းရှာဖွေစဉ် ၎င်းညီအစ်ကို နှစ်ဦးအား ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

No comments: