Friday, January 27, 2017

ANP ဥက္ကဌ ဒေါက်တာ ဦးအေးမောင် ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရ

RiA

အမေရိကရောက် ရခိုင်အမျိုးသားများမှ ၂၀၁၂ ခုနှစ် စတင်ကာ ပေးအပ်ချီးမြှင့်သည့် ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆုကို ယခုနှစ် ၂၀၁၆ ခုနှစ်အတွင် အမည်စာရင်း ထုတ်ပြန်ကြေညာရာတွင် ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ ဦးအေးမောင်နှင့် အခြား ၂ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

စတင်ပေးအပ်စဉ်က အမျိုးသားစွမ်းဆောင်ရည်ဆု တစ်ခုတည်းကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်အမျိုးသားစွမ်းဆောင်ရည် (ရခိုင်သားကောင်း) ဆု နှင့် ရခိုင်အမျိုးသား စွမ်းဆောင်ရည် (စာပေ/ပရဟိတ) ဆု နှစ်ခု ထပ်မံချီးမြှင့်လာခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ၂၀၁၆ ခုနှစ်အတွက် ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆုကို ANP ဥက္ကဌ ဒေါက်တာ ဦးအေးမောင်၊ ရခိုင်သားကောင်းဆုကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် ဆက်စပ်ပြီး ဖမ်းဆီး ခံထားရသူ ကျောက်ဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ကိုမောင်အေး၊ စာပေ/ပရဟိတ ဆုကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ စာရေးဆရာ ကိုဝေဟင်အောင်တို့က ရရှိခဲ့ခြင်း ဖြစ်သည်။

No comments: