Sunday, January 22, 2017

သုဝဏ္ဏအားကစားပြိုင်ပွဲရုံ တရုတ်အစိုးရအကူညီဖြင့် ပြင်ဆင်မည်

DVB


သင်္ကန်းကျွန်း မြို့နယ်မှာရှိတဲ့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ-၁ ကို တရုတ်အစိုးရ အကူအညီနဲ့ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရုံတွင်းအားကစားပြိုင်ပွဲတွေ လက်ခံကျင်းပနေတဲ့ သုဝဏ္ဏအားကစားရုံဟာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ပြီဖြစ်တာကြောင့် ရေပိုက်စနစ်၊ အဲကွန်းစနစ်၊ မီးစနစ်နဲ့မိလ္လာစနစ်တွေမှာ အားနည်းချက်တွေရှိနေသလို နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အမိုးပျက်စီးမှုတွေရှိခဲ့တာပါ။

ဒီအပိုင်းတွေကို ပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလနဲ့ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံက တည်ဆောက်ရေးတာဝန်ရှိသူတွေ နှစ်ကြိမ် လာရောက် စစ် ဆေး ပြီးဖြစ်တယ်လို့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ တာဝန်ခံဦးရဲနန္ဒကပြောပါတယ်။

အားကစားရုံကိုပြင်ဆင်ဖို့အတွက် ငွေကြေးများစွားကုန်ကျမှာဖြစ်ပြီး ပြင်ဆင် မှုတွေ စတင်မယ့်အချိန်ကိုလည်း မသိရသေးဘူးလို့ ရုံတာဝန်ခံ ဦးရဲနန္ဒ ကပြောပါတယ်။

သုဝဏ္ဏအားကစားပြိုင်ပွဲရုံကို ၁၉၈၃ ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကုန်ကျစရိတ်စုစုပေါင်း သိန်း ၃ ထောင်ကျော်ရှိပြီး တရုတ်နိုင် ငံက သိန်း ၈၀၀ ကျော်နဲ့မြန်မာနိုင်ငံက သိန်း၂၂၀၀ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနနဲ့ သုဝဏ္ဏအားကစား ပြိုင်ပွဲရုံကို ပြုပြင်ပေးမှာဖြစ်သလို ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးကစားပြဇာတ်ရုံကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

No comments: