Friday, January 27, 2017

ရွေးကောက်ပွဲများတွင် အနိုင်ရရှိရေးအတွက် ကြံ့ခိုင်ရေးပါတီဝင်များကို ဦးသိန်းစိန် တိုက်တွန်း

အောင်ကိုကိုလတ်


တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ထဲထဲဝင်ဝင်နဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ပါတီဝင်တွေအနေနဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်က တိုက်တွန်းခဲ့တာပါ။

အဲဒီလို တိုက်တွန်းမှုကို ဇန်န၀ါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ USDP ပါတီ ဌာနချုပ်မှာ အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့က ပေးအပ်တဲ့ အာရှကော်စမိုပိုလီတန်ဆုရရှိခဲ့တဲ့အတွက် ပြုလုပ်ပေးသည့် အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

“တိုင်းပြည်ကို ထဲထဲဝင်ဝင် ပါဝင်တည်ဆောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပါတီ အနိုင်ရရှိရေးဟာ အရေးကြီးပါတယ်။ ပါတီအနိုင်ရရှိမှ လွတ်တော်ထဲကို ၀င်နိုင်မှာဖြစ်ပါတယ်။ ပါတီအနိုင်ရရှိမှ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။ သို့မှသာ ပြည်သူကိုဦးဆောင်ပြီး တိုင်းပြည်ကိုထိထိရောက် ရောက်တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်ရွေးကောက်ပွဲတွေမှာ ပါတီအနိုင်ရအောင် မဆုတ်မနစ်သော ဇွဲ လုံ့လနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဦးသိန်းက ပြောဆိုခဲ့ပါတယ်။

လက်ရှိတွင် ဦးသိန်းစိန်အနေနဲ့ USDP ပါတီရဲ့ ဗဟိုအလုပ်အမှု့ဆောင်ကော်မတီ နာယက တာဝန်ကို ထမ်းဆောင်နေတာပါ။

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးဟောင်းတွေကတော့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ပါတီနေနဲ့ လစ်လှပ်နေရာ အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်အသီးသီးအတွက် ၁၉ နေရာလစ်လပ်နေအတွက် တသီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ခု တို့က ကိုယ်စားလှယ် ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

No comments: