Tuesday, January 3, 2017

ရန်ကုန်-စစ်တွေကားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွား

DVB


ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီးမှာ ဇန်န၀ါရီ ၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပါ တယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနဲ့ သဲတက်ကျေးရွာကြားမှာ မနေ့ညနေ ၄ နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာ ပေါက်ကွဲပြီး စနက်တံအိမ်ခေါင်း ၁ခု၊ ဓါတ်ခဲ ၂လုံးဆန့် ဓါတ်ခဲအိမ် ၂ခု၊ ၀ါယာကြိုး သွယ်တန်းထားတဲ့ ပလပ်စတစ်အိတ် ၁ ထုပ်နဲ့ ပေါက်ကွဲပြီး ပလပ်စတစ် အစအနတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့်လူတွေထိခိုက်သေဆုံးဒဏ်ရာရတာ မရှိသလို ဘယ်သူ့လက်ချက် ဆိုတာကိုလည်းမသိရသေးပါဘူး။

အလားတူ ဇန်န၀ါရီ ၁ ရက် မွန်းလွဲပိုင်းကလည်း မင်းပြားမြို့ ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ မေလွမ်းရွာရဲ့ မြောက်ဘက် ၃မိုင်ခန့်အကွာမှာ လက်လုပ်မိုင်း ၁ လုံး တွေ့ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

အဆိုပါ လက်လုပ်မိုင်းဟာ အရှည် ၄ပေခန့်၊ အချင်း ၂ လက်မခန့်ရှိ သံပိုက်မှာ ပန်နဆိုးနစ် ၉ ဗို့ ဓါတ်ခဲကို ၀ါယာကြိုးနဲ့ ချိတ်ဆက်ပြုလုပ်ထားတဖြစ်ပြီး ၃ ပေခန့်ရှိ ငါးမူးလုံးသံချောင်း ၄ချောင်းနဲ့ မြေကြီးမှာ ငုတ်ရိုက်တပ်ဆင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

No comments: