Monday, January 2, 2017

ပျောက်ဆုံးနေသည့် ရှေးဟောင်းဆင်းတုတော် ခြုံအတွင်းမှ ပြန်တွေ့

မာန်ဇာမြေမွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် တွင်းမကျေးရွာရှိ သဒ္ဓမ္မနန္ဒိရာမ ကျောင်းတိုက်အတွင်းမှ ပျောက်ဆုံးနေသည့် ရှေးဟောင်းဘုရား ဆင်းတုတော်တစ်ဆူ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ခြုံပုတ်အတွင်းမှ ပြန်လည် တွေ့ရှိခဲ့သည်။

"မနက် ၈ နာရီလောက်က ခြုံထဲကနေတွေ့တာ၊ ခိုးယူသွားပြီးတော့မှ ဆက်သယ်လို့မဖြစ်တဲ့အခြေအနေမို့ ထားခဲ့ဟန်တူတယ်" ဟု ကနီမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆင်းတုတော်မှာ တင်ပြင်ခွေလျှက်ဘုရား ရုပ်ထုအား ဆင်သုံးကောင်ခံလျှက်နှင့် သဏ္ဍန်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါရှေးဟောင်းဘုရားဆင်း တုအား မူလထားရှိရာ သဒ္ဓမ္မနန္ဒိရာမ ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ပူဇော်ထားပြီး ခိုးယူခံရမှု ထပ်မံမဖြစ်ပွားစေရန် အတွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

No comments: