Thursday, January 26, 2017

၁၅ ပါတီကြေညာချက်တွင်မပါဝင်ဘဲ အမည်အလွဲသုံးစားလုပ်ခံရဟု တအာင်းပါတီထုတ်ပြန်

နော်နိုရင်း


နိုင်ငံရေးပါတီ ၁၅ ခုက ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါဝင်သဘောတူ လက်မှတ်ရေး ထိုးထားခြင်းမရှိဘဲ ပါတီရဲ့အမည်ကို အလွဲသုံးစားလုပ်တာခံခဲ့ရတယ်လို့ တအာင်း(ပလောင်) အမျိုးသားပါတီက (TNP)ပြောပါတယ်။

နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်လက်ခံမယ့် သတင်းတွေအပေါ် နိုင်ငံတော်အစိုးရက တိကျရှင်းလင်းတဲ့ သဘောထားထုတ်ပြန်ပေးဖို့ ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၅ ခုက မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါ။

တိုင်းပြည်မှာလက်ရှိ ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေ၊ လူမှုစီးပွား ဘ၀လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီကသာ ကိုင်တွယ်ဆောင်ရွက်ရမယ့် အခြေအနေဖြစ်တယ်လို့လည်း ပါတီ ၁၅ ခုရဲ့ ထုတ်ပြန်ချက်မှာေ ဖ်ာပြထားပါတယ်။

အဆိုပါ ပါတီ ၁၅ခုထဲမှာ တခုအပါအ၀င်အဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ တအာင်း(ပလောင်) အမျိုးသားပါတီကတော့ သူတို့ပါတီရဲ့ သဘောထားကို ရယူညှိနှိုင်းဆွေးနွေးခင်းမရှိသလို ဒီထုတ်ပြန်ချက်ဟာ ပါတီရဲ့ သဘောထားမဟုတ်ဘူးလို့ TNP ပါတီအတွင်းရေးဦး ဦးမိုင်းအုဏ်းခိုင်ကပြောပါတယ်။

“အဲဒီ ၁၅ ပါတီထဲမှာ ကျနော်တို့ပါတီမပါဘူးခင်ဗျာ။ လက်မှတ်ရေးထိုးထားတဲ့ အထဲမှာလည်း မပါပါဘူး။ ဦးထွန်းကြိုင်ဆိုတာလည်း မရှိပါဘူး။ မြို့နယ်ကော်မီတီအနေနဲ့ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါမှာ ကျနော်တို့က တက်ရောက်ဝေဖန်နားထောင်ပေးဖို့ ဦးထွန်းမြိုင်ကို တာဝန်ပေးပါတယ်။ အဲဒီမှာ တက်ရောက်သူအနေနဲ့လည်း သူလက်မှတ်မထိုးပါဘူး။ ထုတ်ပြန်ကြေညာချက်ထဲမှာ လည်း ဦးထွန်းမြိုင်က လက်မှတ်မထိုးပါဘူး။ သူက ပါတီရဲ့ သဘောထားမရခဲ့လို့ မထိုးခဲ့ခြင်းဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

ဒါကြောင့် ဇန်န၀ါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၁၅ ပါတီရဲ့ သဘောထားကြေညာချက်ကို တာဝန်ယူထုတ်ပြန်သူတွေအနေနဲ့ မိမိတို့ ပါတီအမည် ထည့်သွင်းမှုကို ပြန်လည်ပယ်ဖျက်ပေးလည်း တအာင်း(ပလောင်) အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

No comments: