Monday, January 2, 2017

ရခိုင်တွင် WY ဆေးပြားအရေအတွက် ၄၃ သိန်း ဖမ်းဆီးရမိ

ဇေယျာမော်

ရခိုင်ပြည်နယ် မေယုကျွန်းအနောက်ဘက်တွင် စက်လှေတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၄၃ သိန်း ဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။

အဆိုပါ စက်လှေကို ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၀နာရီခန့်က ပင်လယ်ပြင်တွင်တပ်မတော်စစ်ရေယာဉ်မှ ဖမ်းဆီးရမိခြင်းဖြစ်ကာ စက်လှေပေါ်တွင် ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်တို့ကို တွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY ဆေးပြား ၄၃ သိန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းစက်လှေပေါ်တွင် လိုက်ပါလာသည့် စစ်တွေမြို့နယ် ကျေးတောပိုက်စိပ်ကျေးရွာနေ သာထွန်း(၃၇) နှစ် ၊ ခင်လှ(၂၇)နှစ်နှင့် သိန်းညွန့် (၂၅) နှစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး တရားခံနှင့် သိမ်းဆည်းရမိပစ္စည်းများအား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ကာ အရေးယူဆောင်ရွက်နေသည်ဟု အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

No comments: