နေသွင်
မြန်မာပြည်မှာ အကျင့်ပျက်ခြစားမှုတွေနဲ့ မညီမ်ွမှုတွေကို တိုက် ဖျက်ရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ် မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု တွေမှာလည်း လူတစုကိုပဲ အကျိုးရှိတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက် အကျိုးရှိတာမျိုးဖြစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နှစ်ပေါင်း ၂ဝကျော် ပထမဆုံး လူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောတဲ့ နိုင် ငံတကာ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အကျင့်ပျက်ခြစားမှုတွေနဲ့ မညီမ်ွမှုတွေကို အားပေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မလိုချင်ဘူးလို့ အတိအလင်း အခုလို ပြောကြား သွားပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ ကျမတို့အနေနဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မညီမ်ွမှုတွေကိုလည်း တိုက်ဖျက်ပစ်ရမယ်။ အကျင့်ပျက်ခြစားမှုတွေကို ပိုပြီးကြီးထွားလာစေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ အလိုမရှိပါဘူး။ မညီမ်ွမှုတွေကို ပိုဆိုးရွားစေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုလည်း ကျမတို့ မလိုချင်ပါဘူး။ အခွင့်ထူးရနှင့်ပြီးသား လူတွေ ကိုပဲ နောက်ထပ်အခွင့်သာသွားစေမယ့် အကျင့်ပျက် ခြစားမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး။ ကျမတို့ လိုချင်တာက ရိုးရိုးလေးပါပဲ၊ အလုပ် အ ကိုင်အခွင့်အလမ်းတွေ များနိုင်သလောက် ကျမတို့ ရချင်တယ်။”
လက်ရှိ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာလည်း လူတစုကိုပဲ အကျိုးရှိတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက် အကျိုးရှိတာမျိုးဖြစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျမတို့ ကိုယ်တိုင်က ကိုယ်ဘာကို လိုချင်သလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် ကမ္ဘာကြီး၏ အခြေအနေတိုးတက်လာရေးဆိုတဲ့ ဒီအ စည်း အဝေးရဲ့ အင်မတန် ရိုးရှင်းတဲ့ ဆောင်ပုဒ် ကလေးကို ကျမအလွန်သဘောကျပါတယ်။ ကျမတို့လည်း မြန်မာပြည်ရဲ့ အခြေအနေတွေ တိုးတက် လာတာကို လိုလားပါတယ်။ ဒါကြောင့် အပြောင်းအလဲလို့ ဆိုလို့ရှိရင် ကျမတို့ လိုချင် တာ က မြန်မာပြည်ရဲ့ အခြေအနေတွေ တိုးတက် လာဖို့ပါပဲ။ ဒီနေရာမှာ လူတဦးတယောက်၊ အုပ်စုတစု၊ အဖွဲ့တဖွဲ့အတွက်ပဲ အကျိုးရှိတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျမတို့ သာမန်ပြည် သူတွေ အခြေအနေတွေ တိုးတက်လာမယ့် အပြောင်းအလဲမျိုးကို ဆိုလိုတာပါ။ ဒီနေရာမှာ ပြည်သူတွေလို့ ကျမအနေနဲ့ သီးသီးသန့်သန့် သုံးနှုန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာပြည်ဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်နေလိုပါပဲ။”
လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ နောက်ထပ် အဆင့်တဆင့်ကို တက်လှမ်းဖို့ လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါ တယ်။
“လူတွေက ကျမကို အပြောင်းအလဲတွေ နောက်ပြန်လှည့်နိုင်သလားလို့ မေးတဲ့အခါမှာ ကျမက အဲဒါကတော့ ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ်မှာ စစ်တပ်က ဘယ်လောက်အထိ သံန္နိဋ္ဌာန်ခိုင်မာသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အခုတော့ ဒီအဖြေအပေါ်မှာ နယ်ပယ်ချဲ့ထွင်လိုက်ချင်ပါတယ်။ ကျမတို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ဖို့၊ နောက်ပြန်မလှည့်ဖို့ အရေးဟာ တမျိုးသားလုံးရဲ့သံန္နိဋ္ဌာန် (National Commitment) အပေါ်မှာ မူတည်ပါတယ်။ ကျမတို့နိုင်ငံကို အခြေအနေတွေ တိုးတက်လာစေချင်တဲ့ အစိတ်အပိုင်း အားလုံးအပေါ်မှာ မူတည်လိမ့်ပါတယ်။”
အခုအချိန်မှာ ပြည်သူတွေကြားမှာ အပြောင်းအလဲဆိုတဲ့အပေါ်မှာ အားမလိုအားမရဖြစ်နေတာတွေနဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် ကာလအ တွင်းမှာပဲ လူတွေရဲ့ အာရုံစိုက်မှုဟာ နိုင်ငံရေးကနေ စီးပွားရေးဘက်ကို ပြောင်းလာတာကိုလည်း သတိထားမိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။”
“၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမ နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်လာတဲ့ အချိန်တုန်းကတော့ အများအားဖြင့်တော့ လူတွေက နိုင်ငံရေးအပြောင်းအလဲကိစ္စကို မေးကြ တာပါ။ နောက်တော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ခြေလှမ်းတွေ တွေ့လာရတယ်။ အန်အယ်လ်ဒီက မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲလမ်းကြောင်းပေါ် ပြန်လည် ဝင်ရောက်လာတာတွေ ဟာ ကျယ်ကျယ် ပြန့်ပြန့်ပါဝင်လာမှုရဲ့ လက္ခဏာတွေပါပဲ။ အဲဒီနောက်မှာ ကျမတို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာ လူတွေရဲ့ အလေးပေးမှုက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဆီကို အာရုံပြောင်းသွားပါတယ်။ ဒီတခါမှာတော့ လူတွေက အပြောင်းအလဲလို့ ဆိုလာရင် ဒါဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဆိုလိုတာပါ။
ဒီနေရာမှာ အမြင်တွေက မျိုးစုံရှိပါတယ်။ လူတွေက ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်အပေါ်မှာ အလွန်စိတ်လှုပ်ရှားတာတွေကိုလည်း ကြားသိရပါတယ်။ အချိန်တည်းမှာပဲ တချို့ စွန့်ဦးတီထွင်သူတွေဆီက (အပြောင်းအလဲဟုတ်လား၊ အလကားပါ) လို့ သံသယနဲ့ ပြောဆိုသံတွေ ကို လည်း ကြားရပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြုပြင်ပြောင်းလဲရေး ဆိုတာထက် ကျမတို့ နိုင်ငံရဲ့ တိုးတက်လာမှုလို့ပဲ ကျမ သုံးနှုန်းရတာကို ပိုသ ဘောကျပါတယ်။ ဘာကြောင့်လဲဆိုရင် ပြုပြင်ပြောင်းလဲရေးလို့ ဆိုလိုက်ရင် တယောက်နဲ့ တယောက် အဓိပ္ပာယ်ကောက်ယူတာတွေ မတူညီ တာတွေ ဖြစ်လာနိုင်လို့ပါပဲ။ ကျမအတွက် ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာလဲလို့ မေးရင်တော့ ကျမတို့ ပြည်သူလူထုရဲ့အခြေအနေတွေ တိုး တက် ကောင်းမွန်လာတာကို ဆိုလိုတာပါပဲ။”
တိုင်းပြည်တိုးတက်ဖို့ဆိုရင် အောက်ခြေက လူအများစုကြီးရဲ့ စွမ်းရည်မြှင့်တင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အလုပ်အကိုင်ဖန်တီးပေးမှုဟာ မြန်မာပြည်မှာ အလွန့်အလွန်ကို အရေးကြီးပါတယ်။ အလုပ်အကိုင်ဖန်တီးပေးတာနဲ့အတူ သင်တန်းတွေ ပေးရမယ်။ ဒီလို သင်တန်းတွေ ပေးတဲ့အခါမှာ လူငယ်အလုပ်လက်မဲ့တွေ အလုပ်အကိုင်ရစေမယ့် သင်တန်းမျိုးတွေ ဖြစ်ရမယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ လိုအပ်ပါတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေလို သမားရိုးကျလမ်းကြောင်းမဟုတ်တဲ့ အပြင်ဘက်က ပညာ ရပ်တွေက ဒေါက်တာဘွဲ့တွေထက် အရေးကြီးပါတယ်။ ဒီလိုပြောလို့ အဆင့်မြင့် ပညာရပ်တွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး၊ ကျမအနေနဲ့ သိပ်ကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့ လိုအပ်ချက်ကို လက်တွေ့ကျကျ ရှုမြင်ဖို့ကလည်း အရေးကြီးပါတယ်”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ မနက်ပိုင်း one-on-one အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက် ဖြစ်ပါတယ်။
အဲဒီနောက် အစည်းအဝေးတက်ရောက်လာတဲ့ ပရိသတ်တွေရှေ့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ထူထောင်သူနဲ့ ဥက္ကဋ္ဌ Klaus Schwab က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းတွေ မေးပါတယ်။
၂၄ နှစ်ကြာပြီး ပြည်ပခရီးကို ထွက်ခွင့်မရဘဲ နေခဲ့ရာကနေ ပထမဆုံး ဘန်ကောက်ခရီးမှာ ဘယ်လိုခံစားရသလဲလို့ မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လေယာဉ်ဆင်းတဲ့အချိန်မှာ သဘောကောင်းတဲ့ လေယာဉ်မှူးက လေယာဉ်မှူးအခန်းမှာ ထိုင်ဖို့ ဖိတ်ခေါ်ခဲ့လို့ လေ ယာဉ်မှူးအခန်းကနေ ဘန်ကောက်ရဲ့ညမြင်ကွင်းနဲ့ စိတ်ထဲပေါ် လာတဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။
“ဒီတကြိမ်မှာ မြင်ရတဲ့ အလင်းရောင်က ကျမကို ဆွဲဆောင်နိုင်လွန်းလှပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လွန်ခဲ့တဲ့ ၃ ရက်က မြန်မာပြည်ကနေ ကျမထွက်လာတုန်းက လ်ွပ်စစ်မီးပျက်တာကို မကျေနပ်လို့ နိုင်ငံအနှံ့မှာ ဖယောင်းတိုင်မီးတွေကိုင်ပြီး ဆန္ဒပြနေတာကို ဖြစ်နေပါတယ်။ ကျမ စဉ်းစားကြည့်တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ဘန်ကောက်လေဆိပ်ရဲ့ မြင်ကွင်းနဲ့ ရန်ကုန်လေဆိပ်ရဲ့မြင်ကွင်းက ကျမမျက်စိထဲမှာ ဘာမှ သိပ်မကွာခြားပါဘူး။ အခုတော့ အကြီးအကျယ် ကွာခြားသွားတယ်လေ။ ဒီနေရာမှာ စိတ်ထဲပေါ်လာတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မယ်။ ကျမစိတ်ထဲမှာ ကျမတို့နိုင်ငံမှာ စွမ်းအင်နဲ့ပတ်သက်တဲ့ မူဝါဒ လိုအပ် နေပါလားဆိုတဲ့ အတွေးကပေါ်လာတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ မနက်ပိုင်း အစီအစဉ်ဖြစ်တဲ့ one-on-one အစီအ စဉ်မှာ မိန့်ခွန်းနဲ့ အမေးအဖြေ အစီအ စဉ်ပြီးတဲ့ နောက်မှာ နေ့လယ်ပိုင်းမှာလည်း အာရှအမျိုးသမီးများ၏ ရှေ့ခရီး Asia Women as the Way Forward ဆိုတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာတော့ မြန်မာအမျိုးသမီးတွေဟာ ယဉ်ကျေးမှုအရ အမျိုးသားတွေနဲ့ တန်းတူရည်တူ အခွင့်အရေး မရတဲ့ အခြေအနေ၊ အထူးသဖြင့် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်မှာ အကန့်အသတ်တွေ ရှိနေတဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားပါတယ်။
No comments:
Post a Comment