Wednesday, June 27, 2012

ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ ဈေးကြီးတွင် ဆုံးရှုံးမူများရှိ

နိရဉ္စရာ

မိုးကြီး ရာမှ မေယူမြစ်ရေ လျှံတက်လာသဖြင့် ဘူးသီးတောင်မြို့ ဈေးကြီးကို ရေနစ်ရာမှ ပျက်စီး ဆုံးရှုံးမူ တချို့ ရှိကြောင်း သိရသည်။

“မနေ့က ညနေမှာ ရေတက်လာတဲ့ အတွက် ဈေးကြီး တစ်ခုလုံး နစ်သွား ခဲ့ပါတယ်။ ဂိုဒေါင်တွေနဲ့ ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးမူ ရှိပါတယ်။ ဆိုင်တိုင်းလိုလိုမှာ ရေနစ်တဲ့ အတွက် ပျက်စီး တာ တွေ ရှိပါ တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မနေ့ညနေ ၁၁ နာရီခန့်တွင် ရေတက်လာပြီး ဈေးကြီး အပါအ၀င် ရပ်ကွက် တချို့ကို ရေနစ်ခဲ့သည်ဟု ဆိုသည်။

“ ဈေးကြီးတစ်ခုလုံး အပြင် အမှတ် (၃) ရပ်ကွက်သစ်၊အမှတ်(၄)ရပ်ကွက် သစ် တို့လည်း ရေနစ် ခဲ့ပါတယ်။ ဒီနေ့က မိုးတိတ်သွားတော့ ရေကပြန် ကျသွားတယ်။ ဟိုနှစ်ကလို အခြေအနေက မဆိုးခဲ့ပါဘူး” ဟု သူက ဆို သည်။

အခုအခါ ရေနစ်၍ ပျက်စီးသွားသော ပစ္စည်းများထဲမှ အသုံးပြု၍ ရနိုင်သော ပစ္စည်းများကို ဈေးဆိုင် ပိုင်ချင်များမှ ရွှေးထုတ် နေကြ သည် ဟု မျက်မြင် တစ်ဦးက ပြောသည်။

မောင်တောမြို့တွင်လည်း ရေနစ်ခဲ့ပြီး ကန်များ ရေလျှံပြီး ပေါက်ကျခြင်း၊ တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေနစ်နေကြောင်း သိရ သည်။

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မိုးရွာပြီး ရေကြီး သဖြင့် သေဆုံးသူ ၉၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်းဌာနများက သတင်း ထုတ်ပြန်သည်။ သေဆုံးသူများ အထဲတွင် မြန်မာနဲ့ နယ်စပ် ချင်းထိစပ်နေသော ကော့စ်ဘဇားခရိုင်မှာ ၃၆ ယောက်၊ ဘင်ဒရိုဘင် (ရွာတော် ခရိုင်) မှာ ၃၃ ယောက်နှင့် စစ်တကောင်း ၂၇ ယောက်ဖြစ်ကြောင်း သိရသည်။

အများစုမှာ မြေပြို၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရာချီ ရှိနေကြောင်း သိရသည်။

No comments: