Saturday, June 30, 2012

ALP ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုခေါင်းဆောင် ဦးအောင်မင်း တို့ ဘန်ကောက်တွင် တွေ့ဆုံ

မောင်အေး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တချို့နှင့် မြန်မာနိုင်ငံ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီ ဒု ခေါင်း ဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်သည့် အဖွဲ့တို့ သည် ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံခဲ့ကြ သည်။

တွေ့ဆုံမှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Four Wings hotel တွင် ပြုလုပ်ခဲ့သည်။ နံနက် ၁၁ နာရီခွဲမှ နေ့ လည် ၁ နာရီကျော် အထိ ဆွေးနွေးပွဲက ကြာမြှင့်ခဲ့သည်ဟု ဆိုသည်။

“အခုဆွေးနွေးတာက အလွတ်သဘောဆွေးနွေးတာပါ။ ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ သဘော တူ လက်မှတ် ထိုးထားတဲ့ အချက်တွေက တ ချို့ကိုပြန်ပြီး ဆွေးနွေးကြတာပါ။ အဲဒီသဘောတူညီ ချက်မှာ ပါတီဝင်တွေ၊ ရဲဘော် တွေ မြန်မာ ပြည်အနှံ့ လွတ်လွတ်လပ်လပ်သွားလာခွင့်၊ နယ်မြေသတ်မှု နဲ့ ဆက်ဆံရေးရုံးဖွင့်ဖို့ဆိုတဲ့အချက်တွေကို ပါတီက အကောင် အထည် ဖော်ဖို့လုပ်တဲ့အချိန်မှာ စိတ်အနှောင့်ချက် ဖြစ်စရာ တွေတွေ့ နေရတဲ့ အတွက် ဒီကိစ္စကို ဆွေးနွေးကြပါတယ် ” ဟု ပါတီ အထွေ ထွေအတွင်းရေးမှူး စောမြရာဇာလင်းက ပြောသည်။

ဆွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ အထွေထွေ အတွင်းရေး မှူး စောမြရာ ဇာလင်းအပါအ၀င် စုစုပေါင်း သုံးဦးတက်ရောက်ဆွေးနွေးခဲ့သည်။

ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ရန်စီစဉ်သည့်အချိန်တွင် မြန်မာအစိုးရ အာဏာပိုင်များမှ လာရောက် စစ်ဆေးမှု များနှင့် စောင့်ကြည့် မှုများ ရှိ နေကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ကျမတို့ ဆွေးနွေးချက်တွေအပေါ်မှာ သူတို့ဘက်က ပါဝင်ပြီးအကောင်းဆုံးဖြစ်အောင် လုပ်ပေး မယ် လို့ ပြောတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ပါတီဘက်က အဆင်သင့်ဖြစ်တဲ့အခါ သူတို့ဘက် ကို အကြောင်း ကြားပြီး အ မြန်ဆုံး လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း နှစ်ဘက်လုံးက သဘောတူ ညီ မူ ရှိပါတယ်။” ဟု သူမက ဆက်ပြောသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသည့် ရခိုင်ပြည်သူများကို ပါတီအနေ နှင့် သွားရောက် ကူညီ လို သည့်ကိစ္စ ကိုလည်း အစိုးရ အနေနှင့် အတတ် နိုင်ဆုံး ကူညီ မည်ဖြစ်ကြောင်း ဦးအောင် မင်းတို့မှ ပြောကြားခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ပထမအကြိမ် ပြည်နယ်အဆင့်ဆွေးနွေးပွဲကို စစ်တွေမြို့ရှိ စစ်တွေဟို တယ်တွင် ဧပြီလ ၄ ရက်နေ့က ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ဦးဆောင် သည့် အဖွဲ့နှင့် ပါတီဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သည့် အဖွဲ့တို့ ဆွေး နွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွှတ်မြောက်ရေးတပ်မတော်နှင့် မြန်မာတပ်မတော်အကြား အပြန် အလှန် တိုက်ခိုက်နေမူကို ရပ်တန့်ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေးအတွက် ဆက်ဆံရေးရုံးများကို ကျောက်တော်နှင့် ပလက်ဝတွင် ဖွင့်လှစ်ရန်၊ ပစ်ခတ်မူ ရပ်ဆိုင်းသည့် ကာလ အတွင်း နှစ်ဘက်သဘော တူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်ဆောင်သွားလာမူကို နှစ်ဦး နှစ်ဘက်ကြို တင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ်အတွင်း ရခိုင်ပြည် လွှတ်မြောက် ရေးပါတီအဖွဲ့ဝင်များကို မြန်မာ တနိုင် ငံလုံး လွတ်လပ်စွာသွားလာခွင့် ပြုရန်နှင့် ပြည်ထောင်စု အစိုးရမှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နှင့် ရခိုင်ပြည် လွှတ်မြောက် ရေးပါတီငြိမ်းချမ်းရေး အဖွဲ့တို့ နှစ်ဦးနှစ်ဘက် သဘောတူညီတဲ့အချိန် သဘောတူညီတဲ့နေရာတွင် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန်ဆို သည့် အချက်များကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

No comments: