Tuesday, June 26, 2012

လမ်းအူကြောင်းဖောက်လို့ လယ်မြေဧက (၅၀၀) ကျော် လယ်သမားတွေ ဆုံးရှုံး

ရိုးမ ၃

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ကျောက်စက်ကျေးရွာမှာ ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးတင်ဦးက ကျောက်ကုမ္ပဏီတခုအတွက် လယ်ဧက (၅၀၀) လောက်ကိုဖြတ်ပြီး လမ်းအူကြောင်း ဖောက်လုပ်တဲ့ အတွက် လယ်သမားပိုင် စပါးစိုက်ပျိုးဖို့ လယ်မြေတွေ ဆုံးရှုံးခဲ့သည်။

ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက ကျောက်စက်ကျေးရွာအနီးက တောင်ရိုးပေါ် မှာ ကျောက်ရှာဖွေတူးဖော်နေသည့် ပတ္တမြားနဂါးကုမ္ပဏီအတွက် ကျောက်စက်ကျေးရွာက လယ်သမားတွေပိုင် လယ်မြေများပေါ် တွင် လမ်း အူးကြောင်းဖောက်လုပ်ခဲ့ပြီး ဆုံးရှုံးနစ်နာသည့် လယ်သမားများအတွက် ငွေကြေးတစုံတရာမပေးဘဲ အဓမ္မ ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူက ကျောက်စက် ရွာ နားက ကျောက်ထွက်တာ အကြောင်း ပြု ပြီးလယ်တွေပေါ်ကနေ လမ်းအူကြောင်းဖောက်တာဗျ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့က စဖောက်တာ။ လမ်းက အနံကပေ(၇၀)ကျော် တယ် အရှည်က နှစ်မိုင်ကျော်တယ် လယ်မြေပေါ်ကနေ အရှေ့အနောက်လမ်းဖောက်တာ။ အခုထိတော့မပြီးသေးဘူး လယ်ဧက (၅၀၀) ကျော်လောက် ပျက်စီးဆုံးရှုံးသွားတယ် အဓမ္မအနိုင်ကျင့်ပြီး လမ်းဖောက်တာ သူကလယ် သမားတွေကိုမငဲ့ညှာပဲ ကျောက်ကုမ္ပဏီအတွက် လမ်းဖောက်ပေးတာ” ဟု ဒေသခံ လယ်သမားတဦး ပြောသည်။

လမ်းဖောက်လို့ ဆုံးရှုံးသွားသည့် လယ်မြေများသည် တဧကကို ကျပ်သိန်း (၂၀) ပေါက်ဈေးရှိပြီး စပါးတင်း (၁၀၀) နီးပါးထွက်တဲ့ လယ် မြေ များ ဖြစ်သည်။

အဆိုပါလယ်မြေများဆုံးရှုံးခဲ့ရသည့် လယ်ပိုင်ရှင်များကို သက်ဆိုင်ရာ လမ်းဖောက်လုပ်သူများက တစုံတရာ နစ်နာကြေး မပေးသည့် အ တွက် လယ်သမားများ မကျေမနပ်ဖြစ်ပြီး ဒီကနေ့မှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ဆက်သွယ်အကူအညီပေးနေသူများကို လယ်သမား တွေ က သူတို့နစ်နာချက်များအတွက် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

လယ်မြေတွေထဲကနေ လမ်းအူကြောင်းဖောက်လုပ်ခဲ့တဲ့အတွက် လမ်းရဲ့ ဘေးတဖက်စီက အနိမ့်ပိုင်း လယ်မြေများတွေဟာ မိုးများရင် ရေနစ် ပြီး စပါးတွေဆုံးရှုံးပျက်စီးနေရသလို ကျောက်ဆည်ကန်ရေကိုသောက်ပြီး စိုက်ပျိုးတဲ့ ကျောက်စက်ကျေးရွာ မြောက်ဘက်က လယ်ဧက (၁၀၀၀) ကျော်လောက် အခုဖောက်လုပ်သည့် လမ်းအူကြောင်းကြောင့် ရေမရတော့ဘဲ စပါးစိုက်ပျိုးဖို့ပါ လယ်သမားတွေ အခက်တွေ့ နေရ ကြောင်း သိရသည်။

No comments: